Unicode Font
37. မျက်ရည်များ (2)
"အင်း"
Fu Yanzhi နူးညံ့စွာ ပြန်ဖြေလိုက်၏၊ "ဘာဖြစ်လို့လဲ"
Ji Qingying နှုတ်ခမ်းကိုက်လိုက်ပြီး အနည်းငယ် ရှက်ရွံ့နေသည်။
သူမအသက် ဒီလောက်ရှိနေပြီး အခုထက်ထိ ငိုနေဆဲကို သတိရသွားသည်။
ထို့အပြင် ထိုငိုနေတာကလည်း Fu Yanzhiရှေ့မှောက်မှာ ဖြစ်သည်။
"ထပ်မငိုတော့ဘူးလား"
သူမတိတ်ဆိတ်နေမှုကို ခံစားသွားသဖြင့် Fu Yanzhi အရင်စမေးလိုက်သည်။
"အင်း။" Ji Qingyingခေါင်းကို နည်းနည်းလေး မော့လိုက်ကာ သူမ၏ ဖြူဖွေးသွယ်လျသော လည်တိုင်ကို ဖော်ပြနေရင်း သူမနှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်၊ "ကျွန်မမိတ်ကပ်တွေ ပျက်ကုန်ပြီး။"
Fu Yanzhi "..."
သူ ရယ်ချင်သွားသည်။
သို့သော် ခုနက Ji Qingyingအခြေအနေကို ပြန်စဥ်းစားလိုက်ပြီး သူ အတတ်နိုင်ဆုံး မရယ်မိအောင် ထိန်းထားလိုက်သည်။
Fu Yanzhi အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်၊ "ဒါဆို မင်း ဘာလုပ်ချင်လဲ"
"ကျွန်မ ကားထဲ သွားလိုက်ဦးမယ်။ မိတ်ကပ် ပြန်ပြင်မလို့။"
Fu Yanzhi 'အိုခေ'ဟု ပြောတော့မည့်အချိန်မှာပဲ Ji Qingying အမြန်ထပ်ထည့်ပြောလိုက်သည်၊ "မချောင်းကြည့်နဲ့။"
သူ ကူကယ်ရာမဲ့သွားသည်။
"မိတ်ကပ်မရှိတဲ့မျက်နှာလဲ လှပါတယ်။"
"မတူဘူးလေ။"
Ji Qingying ပေပလပ်ပေကလပ်လုပ်ကာ ဆိုလိုက်သည်၊ "ကျွန်မမိတ်ကပ် ပျက်သွားရင် သရဲနဲ့ တူသွားတယ်။ ရှင် မြင်သွားရင် ဒီည အိပ်မက်ဆိုး မက်သွားလိမ့်မယ်။"
"...."
"ဒါဆို ကိုယ် ဘာလုပ်ရမလဲ"
Ji Qingying စဥ်းစားကာ ပြောလိုက်သည်၊ "မျက်စိမှိတ်ထားပြီး ကျွန်မကို ကားသော့ ပေးလိုက်။"
Fu Yanzhiမျက်စိဖွင့်လိုက်မည်ကို ကြိုတင်ကာကွယ်ရန်အတွက် သူမ အသားပေးပြောလိုက်သေးသည်၊ "ကျွန်မ မျက်စိဖွင့်ခိုင်းမှ ရှင် ဖွင့်ရမယ်နော်။"
VOUS LISEZ
Jiaochen (MM Translation) [Haitus]
Roman d'amourDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...