Unicode Font
7. ဒေါက်တာFuက အလှအပ ခံစားတတ်သားပဲ။ (၂)
Fu Yanzhiသည် သူမမျက်စိကို ကြည့်လိုက်သည်။
"ဒီနေ့ ရှင် ရွေးထားတဲ့ အဝတ်အစားက တော့်တော့်ကို စတိုင်ကျနေတာပဲ။" Ji Qingyingသည် ရိုးရှင်းစွာ မှတ်ချက်ချလိုက်သည်။
Fu Yanzhiသည် မျက်ခုံးသာ မြှင့်လိုက်ပြီး သူမ နောက်ထပ်ပြောလာမည့်စကားလုံးများကို စောင့်နေသည်။
Ji Qingyingသည် သူ့ကို စိတ်မပျက်စေရဘဲ တဲ့တိုးပြောလိုက်သည်။ "ခုနကပဲ ဟိုမိန်းကလေးငယ်လေးနှစ်ယောက်က ရှင့်ကို သုံးခါတောင် ကြည့်ပြီးပြီး။"
"အင်း။" ထိုယောကျာ်းသည် ရှေ့သို့ ကြိမ်ဖန်များစွာ ခြေလှမ်းလိုက်ပြီး သူ၏ အေးဆေးတည်ငြိမ်ပြီး ရှင်းလင်းသော အသံကို သုံးကာ မေးလိုက်သည်၊ "ဒါဆို မင်းကရော"
Ji Qingying "..."
သူမ သီးသွားလေသည်။ သူ သူမကို မေးခွန်းပြန်မေးလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပါ။ သူမနှုတ်ခမ်းများ လှုပ်သွားပြီး သူ့ကို တအံ့တသြပြန်ကြည့်လိုက်သည်။ ထို့နောက် သူမ ရုတ်တရက် ပြုံးလာခဲ့သည်။ "ကျွန်မ ရှင့်ကို ဘယ်နှခေါက်ကြည့်မိမှန်း မသိနိုင်လောက်အောင်ကို ထပ်တလဲလဲ ကြည့်နေခဲ့တာ။" ထို့အပြင် သူမသည် အပြုံးတစ်ခုနှင့်အတူ သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ကျွန်မ ရှင့်ကို ကြည့်နေမှန်း ရှင် ဘယ်လိုသိလဲ" ငုပ်လျှိုးနေသော အဓိပ္ပါယ်မှာ -–
'ရှင် ကျွန်မကို မကြည့်နေဘူးဆိုရင် ကျွန်မ ရှင့်ကို ကြည့်နေတာကို ဘယ်လိုလုပ် သိလဲ။'
"...."
Fu Yanzhiသည် သူမကို ကြည့်နေရင်း အရှက်ရမှု တစ်စက်ကလေးတောင် မခံစားမိပါ။ ထိုအစား သူသည် တိုးညှင်းစွာ ပြောလိုက်သည်၊ "ကျွန်တော့်အာရုံခံနိုင်မှုက နည်းနည်းလေး စူးရှလို့ပါ။"
Ji Qingying "..."
သူတို့နှစ်ဦးသည် ရှေ့သို့ ဆက်သွားကြသည်။ သူတို့ အခန်းငယ်လေးတစ်ခုကို ဖြတ်သွားကြသောအခါ Ji Qingyingသည် ရုတ်တရက် ရပ်တန့်သွားသည်။
Fu Yanzhiသည် သူမအကြည့်နောက် လိုက်ကြည့်မိရင်း ကလေးငယ်လေးတစ်ယောက် သူမအမေနှင့် အထဲမှာ ပျော်ရွှင်စွာ ဓာတ်ပုံရိုက်နေသည်ကို တွေ့သွားသည်။
ESTÁS LEYENDO
Jiaochen (MM Translation) [Haitus]
RomanceDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...