Unicode Font
16. သူ့တွင် ခံစားချက်တို့ ရှိနေသည် (၁)
တစ်မုဟုတ်ချင်း အရာအားလုံးသည် တိတ်ဆိတ်သွားတော့သည်။
Fu Yanzhiသည် သူမ ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ပြောလာလိမ့်မည်ကို မထင်ထားသောကြောင့် သူသည် သိသိသာသာကို ကြက်သေ သေသွားသည်။
နှစ်ဦးလုံး နေရခက်လာကြတော့သည်။
Ji Qingyingသည် သူ၏ တိတ်ဆိတ်သွားမှုကြောင့် ကသိကအောက်ဖြစ်သွားသောကြောင့် သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် မေးလိုက်သည်၊ "ရှင် အရင်က ဒါကို မခံစားခဲ့ဖူးဘူးလား"
"...."
Fu Yanzhiသည် ဘာကိုမှ မပြောဆိုနေတုန်းဖြစ်သည်။
Ji Qingyingသည် သူ့မျက်နှာကို တစ်ခဏလောက် ကြည့်လိုက်ပေမဲ့ သူ ဘာကို စဥ်းစားနေသည်ကို ပုံဖော်မရနေပါ။
ထိုဒေါက်မြင့်ဖိနပ်များကို စီးထားရင်း သူမ အနား ကပ်လာခဲ့ပြီး သူ့ကို ဖြည်းဖြည်းချင်း ချဥ်းကပ်လာခဲ့သည်။
သူမသည် သနားကရုဏာ တစ်စက်ကလေးမှ မရှိနေသည့်အလား Fu Yanzhiကို တံတောင်ဖြင့် တွက်လိုက်သည်၊ သူမ ပြုံးကာ ပြောလိုက်သည်၊ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူမသည် မော့ကြည့်လိုက်သည်၊ "ကျွန်မ လိုက်တာ ဒီလောက် သိသာနေတာကို။"
Fu Yanzhi: "..."
အမှန်အတိုင်းဆိုရသော် သူလည်း ခံစားခဲ့ရသည်။ သို့ပေမဲ့ သူ အမြဲတမ်း မှတ်ထင်ခဲ့သည်က Ji Qingying ထိုကို အကျယ်ကြီး မပြောလောက်ဘူးဆိုပြီး ဖြစ်သည်။
သူသည် တန့်သွားပြီး သူမကို ရှုပ်ထွေးသွားသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကျွန်မ မဟုတ်-" Ji Qingyingသည် သူ ဘာကိုမှ ပြန်မပြောလာသေးခင် အမြန် ကြားဖြတ်ပြောလိုက်သည်။
"ရှင် မချစ်ချင်သေးဘူးလို့ မပြောနဲ့။"
Ji Qingyingသည် တဲ့တိုးသာ ပြောလိုက်သည်၊ "ကျွန်မကို အဲ့လောက်ထိ မငြင်းပါနဲ့ဦး။"
သူမ ဆက်ပြောလိုက်သည်၊ "ကျွန်မစိတ်နဲ့ကျွန်မ ရှင့်ကို လိုက်နေတာမလို့ အခု ရှင့်ဆီက ဘာကတိကိုမှ မတောင်းဆိုပါဘူး။ "
ČTEŠ
Jiaochen (MM Translation) [Haitus]
RomanceDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...