Chapter 40 Part 3 (Uni/Zawgyi)

910 83 9
                                    

Unicode Font

40. ကိုယ့်ကို ဘောနပ်စ်တစ်ခု ပေးပါလား (3)

နာမည်ကို ကြားသွားသောအခါ Fu Yanzhi ခေါင်းအရင်လှည့်လိုက်ပြီး ကော်ရီတာထောင့်ကို လှမ်းကြည့်လိုက်သည်။

Su Wanyingလည်း တန့်သွားပြီး လိုက်ကြည့်မိသည်။

ညနေခင်း ဝင်တော့မည့်နေက မှန်ပြတင်းကနေ အလင်းရောင်ဝင်နေပြီး အေးစက်နေသော ဆေးရုံကော်ရစ်တာများကို အနည်းငယ် နွေးထွေးစေသည်။

မိန်းကလေးတစ်ဦးသည် မလှမ်းမကမ်း ထောင့်တစ်ခုတွင် မတ်တပ်ရပ်နေပြီး လူတိုင်း၏အာရုံကို ဆွဲဆောင်နေသည်။

သေးငယ်သော အကွာအဝေးမှတစ်ဆင့် Su Wanyingသည် သူမပုံပန်းကို မမြင်တွေ့ရပါ။ သို့သော် ထိုလူက ပုံပန်းနှင့် ပင်ကိုစရိုက်နှစ်ခုစလုံး အလွန်လှကာ ထိုမိန်းကလေးက အသက်ရှူမှားဖွယ် လှပသည်ကို သူမ သိသည်။

သူမ ကြည့်လိုက်ရင်း မျက်ဝန်းထဲ အမျိုးအမည်မသိသော ခံစားချက်တစ်ခု လွှားခနဲ ထွက်ပေါ်လာသည်။ အနီးကပ် လိုက်သွားပြီး သူမ Fu Yanzhiနောက်ကျောကို တွေ့လိုက်သည်။

အိပ်ကပ်ထဲက Su Wanyingလက်တို့ ဗြုန်းခနဲ တင်းတင်းဖျစ်ညှစ်လိုက်ပြီး သူမလက်တွင် လက်သည်းများ နစ်ဝင်သွားသည်။

သူမ ထိုမိန်းကလေးဆီ တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားသော Fu Yanzhiကို ကြည့်လိုက်သည်။

Ji Qingyingမှာ နေရာတင် ရပ်နေပြီး တုတ်တုတ်မှ မလှုပ်နေပါ။

အမှန်အတိုင်းဆိုရသော် သူမ ထွက်လာသည်နှင့် ဤမြင်ကွင်းကို တွေ့မည်ဟု မထင်မှတ်ထားပါ။

Fu Yanzhiနှင့် ထိုဆရာဝန်တို့က သေချာပေါက် ဘာကိစ္စမှ မရှိကြပေမဲ့ သူမ နည်းနည်းတော့ နေရခက်နေဆဲဖြစ်သည်။

သူမခံစားချက်များကို ဖော်ပြမတတ်တော့ဘဲ သူမ ရင်ဘတ်ထဲ ချဥ်တူးကာ ကျုံ့သွားသည်ကို ခံစားမိသည်။

သူမစိတ်ပျံ့လွင့်နေတုန်း ထိုယောကျာ်းက သူမဆီ လျှောက်လာခဲ့သည်။

Fu Yanzhi သူမကို အံ့သြစွာ ကြည့်လိုက်ပြီး သူ့အကြည့်တို့ သူမကို တစ်လက်မချင်းစီ အပေါ်အောက်ရောက်နေပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်၊ "မင်း ဆေးရုံကို ဘာလို့ လာခဲ့တာလဲ။ တစ်ခုခု ဖြစ်လို့လား"

Jiaochen (MM Translation) [Haitus]Donde viven las historias. Descúbrelo ahora