Chapter 26 Part 1 (Uni/Zawgyi)

718 100 2
                                    

Unicode Font

26. သူမကို ဆုပ်ကိုင်ခြင်း (1)

နွေရာသီညနေခင်း၆နာရီခန့်တွင် ကောင်းကင်ကြီးမှာ လင်းထိန်နေပြီးဖြစ်သည်။

ထွက်ခါစနေ၏ ဖျော့တော့တော့နေရောင်ခြည်ကို ရေကန်ထဲတွင် စောင်းပါးရိပ်ခြည် ပုံရိပ်မြင်နေရပြီး အမြှုပ်ဗလုံစီထနေသော ရေကန်မျက်နှာပြင်ထက်တွင် နီမော်ရောင်များနှင့် ဆေးဆိုးထားသလိုဖြစ်နေသောကြောင့် ရှက်ရွံ့နေသောမိန်းမငယ်တစ်ဦးနှင့် ဆင်တူနေသည်။

Fu Yanzhi သူမကို စားသောက်ဆိုင် ရွေးရန် ပြောထားသောကြောင့် Ji Qingyingမှာ အိပ်ရာမှ ထလိုက်ကာ သူမကိုယ်သူမ သန့်ရှင်းရေးလုပ်တော့သည်။

သူမကိုယ်တိုင်လည်း အလှအပကို ကြိုက်နှစ်သက်သည်။

ထို့အပြင် သဘောကျသောသူနှင့် အပြင်ထွက်ရမည်ဖြစ်သောကြောင့် ထိုလူ့ကို ကိုယ့်ရဲ့အလှပဆုံးအသွင်အပြင်ကို ပြသချင်သည်မှာ သာမန်ပင်ဖြစ်သည်။

မျက်နှာကပ်မက်စ် ကပ်ပြီး အသားအရည်ထိန်းသိမ်းမှုများ ပြုလုပ်ကာ ရိုးရှင်းသော မိတ်ကပ်ပြင်ဆင်မှုပြီးနောက် Ji Qingyingသည် မှန်ထက်က သူမမျက်နှာကို ကြည့်လိုက်သည်။

မိတ်ကပ်ရော အရာအားလုံးရော အဆင်ပြေသည်ကို တွေ့ပြီးနောက် သူမသည် အဝတ်လဲခန်းသို့ မသွားခင် လက်ထုတ်လိုက်ကာ သူမ၏နီရဲနေသော ပါးမို့ကို သွားထိလိုက်သေးသည်။

သူမ ဝတ်စားဆင်ယင်နေသည့်အချိန်မှာပဲ Fu Yanzhiသည် အောက်ထပ်သို့ ရောက်ရှိနေပြီးဖြစ်သည်။

Ji Qingying အဝတ်အစားများကို လဲလှယ်လိုက်ပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။

သူမ အိမ်ခြံဝင်း၏ဂိတ်ပေါက်ဝကို ရောက်သည်နှင့် ရင်းနှီးကျွမ်းဝင်နေသော ကားထဲက ရင်းနှီးနေသော သူကို တွေ့သွားသည်။

Fu Yanzhi အခုလေးတင် ရောက်လာခဲ့ပေမဲ့ သူ ကားထဲတွင် အနားယူနေသည့်ပုံ မပေါ်နေပါ။ သူ ကားကို မှီထားနေရင်း ဖုန်းကို ငုံ့ကြည့်နေသည်။

သူ့ကို အော်မခေါ်လိုက်ဘဲ Ji Qingyingသည် ဒီအတိုင်းသာ သူ့ဆီ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

Jiaochen (MM Translation) [Haitus]Donde viven las historias. Descúbrelo ahora