Chapter 14 Part 1 (Uni/Zawgyi)

728 81 0
                                    

Unicode Font

14. သူမက မင်းကို ကြိုက်တယ် (၁)

နေက ကာနေသောကြောင့် လူနှစ်ယောက်၏ အရိပ်တို့သည် အတူတကွ ထပ်နေပြီး အခြားသူတွေကို ယုံမှားသံသယတို့ကို ဖြစ်ပေါ်စေနေသည်။

တစ်ခါ မေးလိုက်ပြီးနောက် Ji Qingyingသည် သူ့ကို ထပ်မံ မတိုက်တွန်းတော့ဘဲ ထိုအစား သူ့ကို တည့်တည့်သာ စိုက်ကြည့်နေလိုက်တော့သည်။

သူမ၏ စူးရှတောက်ပပြီး လှပနေသော ညှို့ဓာတ်ပါနေသော မျက်နှာက သူ့မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေသည်။

ထိုလူဆီက တောင်းဆိုမှုကို ငြင်းပယ်ဖို့ကို မဖြစ်နိုင်ပါ။

Fu Yanzhiလည်း ခြွင်းချက်မဟုတ်နေခဲ့ပါ။

သူသည် အကြည့် ပြန်ရုတ်သိမ်းလိုက်သည်၊ သို့သော် မနေနိုင်ဘဲ သူမမျက်နှာကို ပြန်ကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည်၊ "ကျွန်တော် မရဘူးလို့ ပြောလို့ရလား"

Ji Qingyingသည် ပြုံးလိုက်ပြီး ငုံ့ချလာတော့သည်။ သူမအသက်ရှူသံကို သူ့ခေါင်းပေါ်တွင် ခံစားလို့ ရနေသည်၊ "ဖြစ်ချင်ဖြစ်မှာပေါ့"

"ဒါမဲ့ ရှင် ငြင်းရင်လဲ ကျွန်မမှာ ရှင့်ကို ဖိအားပေးဖို့ အခြားနည်းတွေ ရှိသေးတယ်။"

"..." Fu Yanzhi

ပြောပြီးနောက် Ji Qingyingသည် Fu Yanzhi၏ သဘောထားကို ထပ်မံ မမေးတော့ဘဲ သူမလက်ကို သူ့ပခုံးထက်သို့ တင်ထားလိုက်တော့သည်။ သူ့ပခုံးများသည် ကျယ်ပြန့်ကာ လူတွေကို စိတ်လုံခြုံစေသည့်ခံစားချက်ကို ပေးစွမ်းနေသည်။

Ji Qingyingသည် ကိုင်းကာ ငုံ့ချလိုက်ပြီး သူမအသက်ရှူသံတို့ သူ့နားတစ်ဖက်တွင် မြင့်ချည်နိမ့်ချည် ဖြစ်နေသည်။

-

Fu Yanzhiသည် သူ့မျက်ခုံးကို ရေးတေးတေး ကွေးလိုက်ပေမဲ့ လူကိုတော့ အဝေးသို့ မတွန်းထုတ်လိုက်ပါ။

သူတို့နှစ်ဦးသည် အပျက်အစီးပုံ၏ အလယ်တွင် ရှိနေပြီး အဖြူအမည်းနေရာကို တောက်ပသော အရောင်တစ်ခုက ပေါင်းထည့်နေသလို ဖြစ်နေသည်။

ထိုယောကျာ်းသည် အလွန် ထင်ပေါ်နေပြီး မိန်းမလှရှေ့ ခြေတစ်ဖက်ထောက်ကာ ဆောင့်ကြောင့်ထိုင်နေပြီး သူတို့သည် တစ်ဦးကို တစ်ဦး ကြည့်နေကြကာ စစ်ပွဲပြီးနောက် နေရာအနှံ့တွင် တွေ့ဆုံကြသော ချစ်သူများကဲ့သို့ ဖြစ်နေသည်။

Jiaochen (MM Translation) [Haitus]Opowieści tętniące życiem. Odkryj je teraz