Hello, I'm back!!
Unicode Font
31. ဒေါက်တာFu၏ အားပေးစကားများ (1)
အဆုံးမှာတော့ Ji Qingyingကို လိုက်ပို့သော သူမှာတော့ Lin Haoranဖြစ်သွားလေသည်။
Fu Yanzhi Ji Qingyingကို လိုက်ပို့ရန် လူတစ်ယောက် ရှာချင်သည်ဟု ပြောသောအချိန်တွင် သူ၏ ပထမဦးဆုံးရွေးချယ်မှုမှာ ဆေးရုံအနီးအနားတွင် နေထိုင်သောသူ ဖြစ်ရမည်။
ကားထဲသို့ ဝင်ပြီးနောက် Ji Qingyingသည် အတော့်ကို ရှက်နေပြီး သူမ ဆိုလိုက်၏၊ "ဒေါက်တာLinကို ဒုက္ခများစေမိပြီး။"
Lin Haoran ဂရုမစိုက်စွာဖြင့် လက်ဝှေ့ယမ်းပြလိုက်ရင်း အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်၊ "အလှလေးတစ်ယောက်ကို အိမ်ပြန်ပို့ခွင့်ရတာ ကျွန်တော့်အတွက် ပျော်စရာတစ်ခုပါ။"
သို့ပေမဲ့လည်း သူ တကယ့်ကို စိတ်ညစ်သွားကြောင်း သူမကို ပြောပြလို့ မရဘူးလေ ဟုတ်တယ်မလား။ ထို့ကြောင့် သူ Fu Yanzhiနောက်ကွယ်မှာသာ ခိုးကြောင်ခိုးဝှက် ကျိန်ဆဲနိုင်တော့သည်။
သူ(FYZ) တစ်ခုခုဆိုးတာ လုပ်မဲ့အချိန် သူ့(LHR)ကို အနှောင့်အယှက် ပြုလို့ ကျိန်ဆဲခြင်းဖြစ်သည်။
အခြားထက် သူ့ချိန်းတွေ့မှု နှောင့်ယှက်ခံလိုက်ရ၍ သူ ပိုပြီး မပျော်မရွှင်ဖြစ်သွားသည်။
Ji Qingying ပြုံးလိုက်သည်၊ "ကျေးဇူးပါ။"
Lin Haoran သူမကို ကြည့်လိုက်သည်၊ "ဆေးရုံမှာ နေရတာ တော်တော် ပျင်းလား"
Ji Qingying ခေတ္တ တွေးလိုက်သည်၊ "အဆင်ပြေပါတယ်။"
သူမ ထို့နောက် ဆက်ပြောလိုက်သည်၊ "သိပ်လဲ ပျင်းစရာမကောင်းပါဘူး။"
Lin Haoran ပြုံးကာ ဆိုလိုက်သည်၊ "ဟေး ဒီလိုပြောတာ မင်း ပထမဆုံးပဲ။"
ထို့နောက် သူ ထပ်ထည့်ပြောလိုက်သည်၊ "လူတိုင်းက ချိန်းတွေ့တဲ့အခါ ဆရာဝန် မရှာနဲ့လို့ ပြောကြပေမဲ့ မင်းကတော့ သူတို့နဲ့ မတူဘူးပဲ။"
Ji Qingying ကြောင်အန်းသွားပြီး မျက်နှာထက်က အံ့အားသင့်နေမှုနှင့်အတူ ဆိုလိုက်၏၊ "ဘာလို့လဲ"
Lin Haoran ခေတ္တ စဥ်းစားနေပြီးနောက် လေးလေးနက်နက်ဆိုလိုက်သည်၊ "ဆရာဝန်အလုပ်က ဂုဏ်သိက္ခာရှိတယ်၊ အတော်လေး အထင်ကြီးစရာကောင်းတယ်ဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ ဆရာဝန်တွေကပဲ အထဲမှာ အခက်အခဲတွေများစွာ ကြုံတွေ့ရတယ်ဆိုတာ သိတယ်။"
![](https://img.wattpad.com/cover/286090097-288-k61945.jpg)
VOUS LISEZ
Jiaochen (MM Translation) [Haitus]
Roman d'amourDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...