Chapter 36 Part 3 (Uni/Zawgyi)

871 91 4
                                    

Unicode Font

36. ဒေါက်တာFuနှင့် ဒိတ်လုပ်ခြင်း (3)

"ကျွန်မ ကူညီဖို့လိုသေးလား"

"ရတယ်။"

"ပြီးတော့မယ်။"

Ji Qingyinng ပြုံးလိုက်ပြီး နာနာခံခံနှင့် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့"

Fu Yanzhiက မနက်စာကို သူကိုယ်တိုင် ပြုလုပ်ခဲ့သည်။

ယနေ့တစ်နေ့လုံး သူ့အချိန်တွေကို Ji Qingying ပိုင်ဆိုင်မည်ဖြစ်သည်။

ထိုက သူမ၏ဆုလာဒ်ဖြစ်သည်။

Fu Yanzhi၏ အိမ်လုပ်မနက်စာက ဆန်ခေါက်ဆွဲဖြစ်ပြီး ကြည့်လိုက်သည်နှင့် သူမကို အနည်းငယ် ဗိုက်ဆာလာစေသည်။

အရောင်အဆင်းက စားချင့်စဖွယ်ဖြစ်နေပြီး အနံ့ကလည်း မွှေးကြိုင်နေသည်။

Ji Qingyingမျက်လုံးတို့ အရောင်လက်သွားသည်။ သူမ မနေနိုင်ဘဲ မေးလိုက်သည်၊ "ဒေါက်တာFu ရှင်က ကျွမ်းကျင်သူလား"

Fu Yanzhi သူမကို တစ်ချက်လေးသာ ငဲ့စောင်းကြည့်လိုက်သည်။

Ji Qingying သူ ကမ်းလာပေးသော တူများကို လှမ်းယူလိုက်ပြီး သူမမျက်ဝန်းထဲတွင် အပြုံးလေးတို့ ရှိနေသည်။ "ဒါဆို ကျွန်မ အရင် စားနှင့်ပြီးနော်။"

"အင်း။"

Ji Qingyingသည် Fu Yanzhiက ဟင်းချက်ရာတွင် တော်ကြောင်းကို အမြဲတမ်း သိခဲ့သည်။

သို့သော် ယခုအခါမှာတော့ သူကိုယ်တိုင် ပြုလုပ်ထားသော ဆန်ခေါက်ဆွဲကို စားရသော ပထမဦးဆုံးအကြိမ်လည်း ဖြစ်သည်။

Ji Qingyingသည် ယခင်က မနက်စာကို ဘာစားရမလဲဆိုတာ ဆက်တိုက် တွေးနေရပြီး လတ်တလောလောက် စားချင်စိတ် မရှိနေပါ။

သို့သော် ဤအချိန်လေးမှာတော့ သူမအစာအိမ်လေး မြည်ဟီးလာသလို ခံစားနေရသည်။

ရုတ်တရက် ဆန်ခေါက်ဆွဲတစ်ပန်းကန်လုံးကို စားနိုင်သည်ဟု တွေးထင်လာတော့သည်။

သူတို့ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး ဧည့်ခန်းမှာ တိတ်ဆိတ်လာလေသည်။

ခေါက်ဆွဲအနံ့က အခန်းတစ်ဝိုက် ပျံ့နှံ့နေသည်။ Ji Qingying စမစားခင်မှာတောင် သူမနှာခေါင်းထိပ်လေး ချွေးစို့လာနေပြီးဖြစ်သည်။

Jiaochen (MM Translation) [Haitus]Onde histórias criam vida. Descubra agora