Chapter 17 Part 1 (Uni/Zawgyi)

743 74 2
                                    

Unicode Font

1. တားဆီးကာကွယ်ဖို့ မဖြစ်နိုင်ဘူး(၁)

တံခါး ပွင့်သွားသည်။

Fu Yanzhiသည် အိမ်နေဝတ်စုံနှင့် ဖြစ်သည်။

လဝက်လောက် မတွေ့ရပြီးနောက် ကြည့်သူအမြင်တွင် အလှလေး ဖြစ်နေတာနှင့် ဆိုင်သလား သို့မဟုတ် အခြားအကြောင်းရာတစ်ခုခုကြောင့်လားဆိုတာ Ji Qingyingလည်း မသိနေပါ။

သူမ မနေနိုင်ဘဲ သူမရှေ့က ထိုယောကျာ်းသည် ခါတိုင်းထက် နည်းနည်းလေး ပိုကြည့်ကောင်းနေသလို သူမ တွေးနေသည်။

သူမ ရေချိုးပြီးခါစဖြစ်သောကြောင့် သူမဆီက ဆပ်ပြာအနံ့နှင့် ခေါင်းလျှော်ရည်အနံ့ကို ရနေသည်။

ယခင်က ရခဲ့သော စံပယ်ပန်းအနံ့ မဟုတ်နေပါ။ ဒီတစ်ခါမှာတော့ အခန်းကို ချိုမြိန်ခြင်းနှင့် ပြည့်နှက်စေသော မက်မွန်အနံ့လေးဖြစ်သည်။

သူမသည် ခေါင်းကို အောက်သို့ နည်းနည်း စောင်းလိုက်ပြီး သူမနှုတ်ခမ်းတွင် အပြုံးသေးသေးတစ်ခုနှင့်အတူ သူ့ကို ကြည့်လိုက်သည်၊ "Fu Yanzhi မတွေ့ရတာ ကြာပြီးနော်။"

Fu Yanzhiလည်း အကြည့်ကို အောက်ချလိုက်ကာ ဘေးသို့ လှည့်လိုက်သည်။

Ji Qingyingလည်း သူ့နောက် လိုက်သွားကာ အခန်းထဲသို့ ဝင်သွားလေသည်။

အခန်းသည် ယခင်က လာခဲ့ဖူးသလိုပင် တူညီနေပြီး တိတ်ဆိတ်နေသည်။

သူမ အိမ်ထဲ ဝင်သွားသည်နှင့် Ji Qingyingသည် ပန်းရနံ့များကို ရသွားသည်။ သူမမျက်လုံးတို့ ရုတ်ခြည်း တောက်ပသွားပြီး တံခါးပိတ်နေသော ထိုယောကျာ်းဘက်သို့ လှည့်ကြည့်လိုက်သည်၊ "ပန်းတွေ ပွင့်နေပြီးလား"

"အင်း။"

Fu Yanzhiလည်း အနည်းငယ် အံ့သြနေသည်။ သူ ဒီမနက် အလုပ်ကနေ အိမ် ပြန်ရောက်သောအခါ သူ့အတွက် ပုံမှန်လို ဖြစ်နေသော ရေလောင်းရန် ဝရန်တာသို့ သွားလိုက်သည်။

ထိုအခါမှသာ စံပယ်ပန်းအိုးလေးနှစ်အိုးက ပန်းများ ပွင့်နေသည်ကို သူ ရုတ်တရက် တွေ့သွားသည်။

Ji Qingyingသည် အံ့သြသွားမှုကြောင့် မျက်ခုံးများ မြင့်တက်သွားသည်၊ "ဒါဆို ကျွန်မ သွားပြီးတော့ ကြည့်ရမှာပဲ။"

Jiaochen (MM Translation) [Haitus]Donde viven las historias. Descúbrelo ahora