Unicode Font
6. တောက်တိုမယ်ရ (၂)
Ye Zhenzhenသည် နှုတ်ခမ်းစူလိုက်လေသည်။ သူ ထိုသို့ ပြောနေပေမဲ့ တကယ့်မှာတော့ "ဣန္ဒြေရရနေ" ဟု ပြောခြင်းဖြစ်သည်။
Fu Yanzhiအကြည့်များသည် သူ့မျက်နှာချင်းဆိုင်ထောင့်ဖြတ်တွင် ရှိနေသော အဝိုင်းဆီ ရောက်သွားသည်။
Ji Qingyingသည် ခါတိုင်း နှေးနှေးစားလေ့ရှိပေမဲ့ ကြည့်ရတာ သူမ နှုန်းကို ယခုထက်တောင် ပိုနှေးကွေးရမည်ဖြစ်သည်။ သူမစိတ်များ မိုင်ပေါင်းများစွာ အဝေးသို့ ရောက်နေသလို ဖြစ်နေပြီး အစားအစာများ အရသာကို မြည်းတောင် မမြည်းဘဲနဲ့ စိတ်ပျံ့လွင့်နေကာ ဒီအတိုင်း ဝါးသာ ဝါးနေသည်။ သူမမျက်လုံးထဲက နဂိုရှိနေသော အပြုံးမှာလည်း ပျောက်ကွယ်သွားပြီးဖြစ်သည်။
ထို့နောက် သူသည် အကြည့်ပြန်ရုတ်သိမ်းလိုက်သည်။
ညစာ စားပြီးနောက် Ji Qingyingသည် သိမ်းဆည်းပေးမည်ဟု ပြောလိုက်သည်။ "ကျွန်မ ကူညီပေးပါ့မယ်။"
Fu Yanzhiသည် သူမမျက်စိကို ကြည့်ကာ ပြောလိုက်သည်၊ "ရတယ်။"
"...."
သို့ပေမဲ့လည်း Ji Qingyingသည် ထမင်းစားပွဲကို ကူရှင်းပေးလိုက်သည်။
မီးဖိုချောင်ထဲ ပန်းကန်များကို ထားလိုက်ပြီးနောက် သူမသည် Fu Yanzhiကို ကြည့်ကာ ပြောလိုက်၏၊ "ကျွန်မ ပန်းကန်ဆေးပေးပါ့မယ်။" သူ မငြင်းရလေအောင် သူမသည် အမြန်ဆက်ပြောလိုက်သည်၊ "ကျွန်မ မကူညီပဲနဲ့ ဒီအတိုင်း စားလို့ ဘယ်ဖြစ်ပါ့မလဲ။ ကျွန်မ စိတ်မသန့်လို့ပါ။"
Fu Yanzhiမှာ ခံစားမှုမရှိနေဆဲဖြစ်ပြီး သူမကို စိတ်ဝင်စားစရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ "တကယ်လား"
သူသည် ပန်းကန်များကို ပန်းကန်ဆေးစက်ထဲသို့ ထည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်၊ "ဘာကို စိတ်မသန့်တာလဲ"
Ji Qingying "..."
သူမသည် တိတ်ဆိတ်သွားပြီး သူမ အရှေ့က ပန်းကန်ဆေးစက်ကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်လိုက်ပြီးနောက် လှည့်ကာ အဝေးသို့ တိတ်တိတ်လေး သွားလိုက်သည်။
ŞİMDİ OKUDUĞUN
Jiaochen (MM Translation) [Haitus]
RomantizmDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...