Chapter 38 Part 2 (Uni/Zawgyi)

756 77 3
                                    

Unicode Font

38. မင်းလေလုံးထွားလဲ ရပါတယ်ကွာ (2)

Fu Yanzhi မော့ကြည့်လိုက်သည်။

Ji Qingying သူ့ကို လက်ယပ်ခေါ်လိုက်သည်၊ "ကျွန်မ ပင်ပန်းနေပြီး၊ ဒါကို ဘယ်လို အောက်ပြန်ချရမလဲ"

Fu Yanzhi ရယ်လိုက်ပြီး စွန်ကို လက်လွှဲယူလိုက်သည်။

နှစ်ဦးသား စွန်ကို ဆွဲယူလိုက်ကာ ပြန်ရုပ်သိမ်းလိုက်သည်။

Ji Qingying စွန်ကို ခဏလောက် စိုက်ကြည့်ခဲ့ပြီးနောက် အသံတိမ်တိမ်လေးနှင့် မေးလိုက်သည်၊ "ကျွန်မ ဘာလို့ ရှေ့ဆက်မသွားခဲ့တာကို သိလား"

Fu Yanzhi သူမကို ကြည့်လိုက်သည်။

Ji Qingying ခေတ္တစဥ်းစားနေပြီး နူးညံ့စွာ ဆိုလိုက်၏၊ "ကျွန်မ ရှေ့ဆက်သွားမိရင် ဆုံးရှုံးသွားမှာ ကြောက်တယ်။"

Fu Yanzhi အံ့သြသွားခဲ့သည်။

သူ ဆိုင်းတန့်သွားပြီးနောက် တိုးတိုးပြောလိုက်သည်၊ "မဟုတ်ဘူး။"

Ji Qingying မော့ကြည့်လိုက်သည်။

Fu Yanzhi သူမကို တည့်တည့်ကြည့်နေခဲ့ပြီး ပြောလိုက်သည်၊ "မင်း ဆုံးရှုံးသွားရင်တောင်မှ အဲ့ဒါက မင်းဆီ ပြန်လာလိမ့်မယ်။"

Ji Qingying ကြောင်အန်းသွားသည်။

Fu Yanzhiသည် ပြေးလွှားခြင်းနှင့် လေတိုက်မှုကြောင့် ရှုပ်ပွနေပြီး သူမပါးမို့ထက် ကပ်နေသော ဆံချည်မျှင်အချို့ကို ငုံ့ကြည့်လိုက်သည်။ သူ လက်ထုတ်လိုက်ပြီး ညင်ညင်သာသာနှင့် အဝေးသို့ သပ်ချလိုက်သည်။

သူတို့အကြည့်တို့ ဆုံသွားကြသည်။

Fu Yanzhiမျက်ဝန်းထဲတွင် သူမ တစ်ဦးတည်းသာ ရှိသည်။

ထိုအချိန်လေးတွင် Ji Qingyingသည် သူ့မျက်ဝန်းထဲတွင် သိမ်မွေ့မှုကို တွေ့မြင်နေရသည်။ ထိုမှာ ညှို့ယူဖမ်းစားနိုင်လောက်အောင် လှပနေသည်။

သူတို့လက်တို့ စွန်ကို တူတူကိုင်ထားကြဆဲဖြစ်ပြီး လက်လွှတ်ဖို့ မေ့နေကြသည်။

Ji Qingying ထပ်မံပြီး သူမ သူ့ကို ပိုပိုချစ်ကျွမ်းဝင်လာသည်ဟု ခံစားနေရပြီး သူမရင် တော်တော်လေးကို ခုန်နေသည်။ တစ်ခုခု ဖြစ်လာတော့မည်ဟု သူမ ယဲ့ယဲ့လေး ခံစားနေရသည်။

Jiaochen (MM Translation) [Haitus]Où les histoires vivent. Découvrez maintenant