Unicode Font
19. နားရွက်လေးတွေ နီနေတယ် (၂)
Fu Yanzhiသည် ထိုမဟုတ်တရုတ်စကားများကို ပိုပြီးတော့တောင် မတုံ့ပြန်ချင်နေပါ။
Lin Haoranလည်း သူ ဥပေက္ခာပြုနေသည်ကို မသိကျိုးကျွန်ပြုလိုက်ကာ သူ့နောက် လိုက်လာခဲ့သည်။
ကားမီးများ လင်းလာခဲ့ပြီး Fu Yanzhi ကားတံခါးကို ဖွင့်လိုက်သည်။
Lin Haoranလည်း ဒါရိုင်ဘာခုံ တစ်ဖက်တွင် ရှိသော တံခါးကို အမြန် ဖွင့်လိုက်သည်။
"ဆင်း။"
Lin Haoran "..."
သူသည် နင်သွားကာ သူ့ကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်၊ "မရဘူး။ ငါ့ကားက ပြုပြင်ထိန်းသိမ်းရေးစင်တာကို ပို့ထားလို့။ ငါ မင်းနဲ့ ကားကြုံစီးမှ ရမယ်။"
Fu Yanzhiသည် မျက်ခုံး ပင့်တင်လိုက်ကာ ဖြေလိုက်သည်၊ "မင်းကို အိမ်ပြန်ပို့ဖို့ အချိန် မရှိဘူး။"
"ဘာလို့လဲ"
သူသည် တိုးညှင်းစွာ ပြောလိုက်သည်၊ "Ye Zhenzhenက ငါ့ကို စောင့်နေတယ်။"
Lin Haoranသည် ခေါင်းညိတ်လိုက်ပြီး ပြောင်ပြောင်တင်းတင်းနှင့် ပြောလိုက်သည်၊ "ဒါဆို သူမကို ပေးစောင့်ခိုင်းလိုက်။"
"..."
Fu Yanzhiသည် ငုံ့လိုက်ကာ အချိန်ကို ကြည့်လိုက်သည်၊ "ငါ မင်းကို အရှေ့က မြေအောက်ရထားအဝင်ဝကို လိုက်ပို့ပေးမယ်။"
Lin Haoranသည် တစ်ဖန် ပြန်နင်သွားပြီး စိတ်မပါသလို လက်ဝှေ့ယမ်းလိုက်သည်၊ "ဟုတ်ပါပြီး၊ သွေးအေးပြီး ရက်စက်တဲ့ ဒေါက်တာFuရေ။"
Fu Yanzhiသည် တိတ်ဆိတ်သွားတော့သည်။
Lin Haoranကို မြေအောက်ရထားအဝင်ဝသို့ လိုက်ပို့လိုက်ပြီးနောက် သူ အိမ်သို့ မောင်းပြန်လာခဲ့သည်။
သူ ဂိတ်ပေါက်ဝသို့ ရောက်တော့မည့်အချိန်မှာပဲ Fu Yanzhiသည် အနီးတွင် လူတစ်ဦး မတ်တပ်ရပ်နေသည်ကို တွေ့သွားသည်။
ရာသီဥတုက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ပူပြင်းလာနေပြီး Ji Qingyingလည်း cheongsamဝတ်စုံကို ဝတ်ဆင်ထားနေသည်။
ထို့အပြင် သူမ၏ cheongsamဝတ်စုံအရှည်လည်း ပိုပိုပြီး တိုလာနေပြီးဖြစ်သည်။
BINABASA MO ANG
Jiaochen (MM Translation) [Haitus]
RomanceDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...