Unicode Font
29. မင်းကြောင့် လာခဲ့တာ (3)
Ji Qingying အနည်းငယ် စိတ်ဓာတ်ကျသွားသည်၊ "ဟုတ်ပါပြီး။"
သူမသည် နှမြောစရာကောင်းလိုက်တာဟု တွေးလိုက်ပေမဲ့ ထပ်မံဆိုလိုက်သည်၊ "ထားလိုက်တော့။"
ခေတ္တ တိတ်ဆိတ်နေပြီးနောက် Ji Qingyingသည် ရင်ထဲက နှမြောတသဖြစ်နေမှုကို ဖိနှိပ်လိုက်ပြီး သူမစိတ်ကို ပြန်ပြင်လိုက်သည်။
သူမ မော့ကြည့်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်၊ "ဒါဆို ကျွန်မ ပြန်တော့မယ်။"
Fu Yanzhi "....."
သူ ခေါင်းညိတ်လိုက်သည်။
Ji Qingyingနှုတ်ခမ်းထောင့်တို့ ကွေးတက်သွားသည်၊ "ရှင်လဲ စောစောအနားယူဦး။"
သူမ မရှက်ပါ။
နောက်ကျနေပြီးဖြစ်ကာ Fu Yanzhiလည်း အလုပ်သွားရဦးမည်ဖြစ်သည်။ Ji Qingying သူနဲ့ အချိန်တော်တော်ကြာ နေချင်သေးတယ်ဆိုပေမဲ့ အချိန် အဆင်ပြေရဲ့လားဆိုတာ သူမ စစ်ဆေးတတ်ဆဲဖြစ်သည်။
သူမ ထွက်သွားခဲ့ပြီးနောက်တွင်။
အိမ်မှာ တိတ်ဆိတ်သွားခဲ့သည်။
Fu Yanzhi ဝရန်တာတွင် မိနစ်အနည်းငယ်လောက် မတ်တပ်ရပ်နေပြီးနောက် လှည့်ကာ အထဲသို့ ဝင်လာခဲ့သည်။
ဝရန်တာမှန်တံခါးကို ပိတ်ဆွဲသောအခါ အခန်းထဲတွင် ထင်းကျန်နေသော အနံ့ကို သူ ရခဲ့သည်။
စံပယ်ပန်းအနံ့နှင့် ထပ်တစ်ရာပန်းအနံ့တို့ ဖြစ်သည်။ Ji Qingying မကြာခဏ သုံးလေ့ရှိသော ရေမွှေးအနံ့ဆီကဖြစ်သည်။
Fu Yanzhi အချိန်တစ်ခုကြာ ဆိုင်းငံ့နေပြီးနောက် သူ့အခန်းထဲသို့ ဝင်သွားလိုက်သည်။
သူ့အခန်းထဲသို့ ဝင်လာသည်နှင့် Mrs Fuဆီက ဖုန်း လာတော့သည်။
"ဟယ်လို။"
သူ ဖုန်းမျက်နှာပြင်ကို မကြည့်ဘဲနဲ့ အေးစက်နေသောလေသံဖြင့် ဖြေလိုက်သည်။
Mrs Fu အေးခဲသွားကာ သူမ ဆက်လိုက်သောနံပါတ်ကို ပြန်ကြည့်လိုက်သည်။ မှန်ကြောင်း တွေ့သောအခါ သူမမျက်ခုံးတို့ မေးချင်နေသောပုံစံဖြင့် မြင့်တက်သွားသည်၊ "Fu Yanzhi စိတ်အခြေအနေမကောင်းနေဘူးလား"
![](https://img.wattpad.com/cover/286090097-288-k61945.jpg)
VOUS LISEZ
Jiaochen (MM Translation) [Haitus]
Roman d'amourDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...