Hello, I'm back ^^
Unicode Font
18. သကြားလုံးအချို (၂)
"ငါ နင့်အပေါ်မှာ နှစ်ရာရာခိုင်နှုန်းတောင် ရှိတယ်...အဲ့တော့ နင် ဘာကိုမှ စိတ်ပူစရာမလိုဘူး။"
သူမသည် Ji Qingyingမေးကို ဂုဏ်ယူစွာဖြင့် ပင့်တင်လိုက်ကာ ပြောလိုက်သည်၊ "ဒီအတိုင်း နင့်ဒီဇိုင်းကိုပဲ ယူသွား၊ ပြိုင်ပွဲကို သွားပြီးတော့ နင့်ဆုကို သွားကောက်သိမ်းလိုက်။"
Ji Qingying "..."
သူမသည် သူမ(CXY)ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီး တိုးတိတ်စွာ ဆိုလိုက်သည်၊ "နင့်သူငယ်ချင်းတွေကို သိပ်ပြီးတော့ ယုံကြည်စိတ် ကုန်ခန်းအောင် မလုပ်ပါနဲ့လို့။"
Chen Xinyu ရယ်လိုက်တော့သည်။
သူမ Ji Qingyingကို ဖိအားပေးနေခြင်း မဟုတ်ဘဲ ဒီအတိုင်း သူမသူငယ်ချင်း၏ အရည်အချင်းကောင်းများအကြောင်းကို သိနေ၍သာ ဖြစ်သည်။
ကောလိပ်တွင် ဖြစ်ပျက်ခဲ့သော ထိုကိစ္စများကြောင့်သာ မဟုတ်လျှင် Ji Qingyingသည် သူမ၏ ထူးချွန်ပြောင်မြောက်သောအရည်အချင်းများကို ဖော်ပြရန် ပြိုင်ပွဲများ တစ်ခုပြီးတစ်ခု ဝင်ပြိုင်နေမည်ဖြစ်သည်။
ယခု စဥ်းစားကြည့်သောအခါ Chen Xinyuသည် သူမ ဘေးနား လာထိုင်လိုက်သည်။
"နင် သိရဲ့လား"
"ဘာကိုလဲ"
Chen Xinyuသည် သူမပခုံးထက်တွင် မှီချလိုက်သည်၊ "နင် မနေ့က စပယ်ပန်းပုံ တင်လိုက်တယ်လေ၊ အဲ့ကြောင့် ညနေတုန်းက အတန်းစကားပြောခန်းမှာ နင့်အကြောင်း ပြောနေကြတယ်။"
Ji Qingying အံ့သြသွား၏။
"နင် ငါ့အကြောင်း ဘာပြောသေးလဲ"
Chen Xinyuသည် သူမဆီသို့ စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး၊ "ငါ ဘာပြောရမှာလဲ။ ငါ အဲ့ဒါတွေကို ဒီအတိုင်း ထားပြီးတော့ အဲ့လှောင်ပြောင်သရော်နေတဲ့ စကားတွေကို လက်ခံလိုက်ရမှာလား"
သူမ ဆက်ပြောလိုက်သည်၊ "နင် ကျောင်းတုန်းက ဒီလောက် တော်တာ။ ဘွဲ့ရပြီး နှစ်နှစ်ပြီးတာတောင်မှ နင် ဘာဒီဇိုင်းမှ မဆွဲတော့ဘူးလို့ ငါ မထင်ဘူး။"
VOUS LISEZ
Jiaochen (MM Translation) [Haitus]
Roman d'amourDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...