Chapter 3 Part 2 (Uni/Zawgyi)

1.1K 107 0
                                    

Unicode Font

3. အစားအစာဖြင့် နောက်ပိုးပိုးခြင်း (၂)

Ji Qingyingကို ရှေးဆန်သော လူတစ်ယောက်ဟု မှတ်လို့ရသည်။

Cheongsamအပေါ် သူမ၏ လုပ်ဆောင်ချက်သည် သူမ ငယ်ဘဝက ထိတွေ့မှုကြောင့်နှင့် အခြားသော အကြောင်းပြချက်များစွာကြောင့် ဖြစ်လာခဲ့သည်။ သူမ နှလုံးသားထဲတွင် cheongsamသည် အခြားသော ခေတ်ဆန်သော အဝတ်အစားများထက် မညံ့ကြောင်း၊ သူ့မှာလဲ သူ့ကိုယ်ပိုင် ထူးခြားသည့် အလှ ရှိသည်ကို အမြဲတမ်း ခံစားနေရသည်။

ပျောက်ကွယ်သွားသည်အထိ မေ့လျော့နေကြသော Cheongsamယဥ်ကျေးမှုကို တစ်ဖန် ပြန်လည် ခေတ်စားလာအောင် လုပ်နိုင်စွမ်း မရှိဘူးဟု သူမကိုယ်သူမ ထင်နေသည့်အချိန်မှာပဲ သူမသည် cheongsamကို လူတိုင်းရှေ့မှောက်တွင် ပြန်လည် ထွန်းကားလာအောင် လုပ်ချင်သည်ကိုတော့ ဝန်ခံရမည်ဖြစ်သည်။

ပြန့်ကားလာအောင် လုပ်ချင်စိတ်ကို ထည့်သွင်းမစဥ်းစားဘဲ သူမသည် Cheongsamမှာ တကယ်ကို လှပကြောင်းကို လူအများအား သိစေချင်သည်။

ထိုအကြောင်း တွေးသောအခါ Ji Qingyingသည် အထိန်းအကွပ်မဲ့စွာ ပြုံးလာခဲ့ကာ ပြောလိုက်သည်၊ "ကျွန်မ မှတ်မိတာ မမှားရင် ဒါရိုက်တာGuanက စိတ်ပညာ သင်ယူခဲ့တယ်မလား"

သူမ စကားကို ကြားသောအခါ ဒါရိုက်တာGuanသည် အကျယ်ကြီး ရယ်မိလိုက်တော့သည်၊ "မိန်းကလေးJi အထင်ကြီးလာအောင် လုပ်နိုင်ရင် ရပါပြီး။"

သူသည် မှတ်ချက်ချလိုက်သည်၊ "ကျွန်တော် ဒီဇိုင်းနာအများကြီးရဲ့ ပရိုဖိုင်တွေကို သေချာကြည့်ပြီးပြီး။ အဲ့ထဲမှာ မင်းက အထူးခြားဆုံးပဲ။"

Ji Qingyingသည် စက္ကန့်အနည်းငယ်လောက် စဥ်းစားချင့်ချိန်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်၊ "ကောင်းပြီး။"

သူမသည် ဝန်ခံလိုက်သည်၊ "ကျွန်မလည်း cheongsamကို ပိုပြီးတော့ ကျယ်ပြန့်သွားအောင် လုပ်ချင်ပါတယ်။"

ခေါင်းတညိတ်ညိတ်လုပ်ရင်း ဒါရိုက်တာGuanသည် အခိုင်အမာ ပြောလိုက်သည်၊ "မင်း စမ်းကြည့်ဖို့ကို ဖိတ်ခေါ်ပါတယ်။"

"ကျေးဇူးတင်ပါတယ်။"

စာချုပ်ပါ အကြောင်းအရာများကို ချက်ချင်း ဆုံးဖြတ်လိုက်ကြသည်။ ကြည့်ရတာ ဒါရိုက်တာGuanက ကြိုတင်ပြင်ဆင်လာခဲ့သောပုံ ပေါက်နေသည်။

Jiaochen (MM Translation) [Haitus]Opowieści tętniące życiem. Odkryj je teraz