Chapter 43 (Uni/Zawgyi)

952 71 2
                                    

Unicode Font

43. ဒေါက်တာဖုရဲ့ ကောင်မလေး (1)

ဖုန်းချလိုက်ပြီးနောက် ဖုရန်ကျီးသည် လက်ရှိ သူ့အဝတ်များကို ဆုပ်ကိုင်ထားသော လူကို ကြည့်လိုက်ကာ ရယ်သံနှင့် ပြည့်နှက်နေသောအသံနှင့် ဆိုလိုက်သည်၊ "အိမ်ပြန်ပြီး အဝတ်အစားလဲချင်လား"

သူ ထပ်တိုး ပြောလိုက်သည်၊ "အပြင်ထွက်စားရအောင်။"

ကျီချင်းယင်း "...."

သူမမှာ အံ့သြမှုကို ဖိနှိပ်ထားခြင်းမရှိဘဲ တဖြည်းဖြည်းနှင့် မျက်လုံးပြူးကျယ်သွားရင်း ပြောလိုက်သည်၊ "ဒေါက်တာဖု၊ ရှင် တော်တော်လေး ဆိုးတယ်ဆိုတာ ကျွန်မ အခုပဲ သိရှိသွားပြီး။"

"ဟုတ်ပြီးလေ..." ဖုရန်ကျီး အသံတိမ်ဝင်သွားသည်။ သူ လက်ရန်းကို မှီထားရင်း သူမကို ငုံ့ကြည့်လိုက်သည်၊ "မင်း နောင်တရသွားပြီးလား"

"..."

ကျီချင်းယင်း ဆွံ့အသွားသည်။ ထို့နောက် သူမ သူ့ကို ပြုံးပြလိုက်ကာ ဘွင်းဘွင်းဆိုလိုက်၏၊ "ကျွန်မ ရှင့်ကို အများကြီး ကြိုက်နေတုန်းပဲ။"

ဘယ်လိုပဲဖြစ်ဖြစ် သူမ သူနှင့် ပတ်သက်တာမှန်သမျှ ကြိုက်နှစ်သက်ဆဲဖြစ်သည်။ ထိုပုဂ္ဂိုလ်က ဖုရန်ကျီး ဖြစ်နေသရွေ့ လုံလောက်သည်။

ဖုရန်ကျီး နှုတ်ခမ်းများက အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ သူ လက်ထုတ်ကာ သူမနှာခေါင်းထိပ်ကို ဖွဖွလေး ထိလိုက်ပြီး တီးတိုးပြောလိုက်သည်၊ "ဟုတ်ပါပြီး။"

နောက်ဆုံးမှာတော့ နှစ်ဦးသား လမ်းခွဲလိုက်ကြသည်။

ထူးထူးခြားခြား ကျီချင်းယင်းသည် အတန်ငယ် စိတ်လှုပ်ရှားနေခဲ့သည်။

သူမ မှန်ကို အချိန်အတော်ကြာ ကြည့်နေခဲ့ပြီး စောနကြောင့် ဖိုသီဖတ်သီဖြစ်နေသော သူမ၏ ရှည်လျားကာ ကောက်ကွေ့သော ဆံနွယ်များကို ပြင်ဆင်လိုက်သည်။

အပြင်ဘက်ရှိ မိုးကောင်းကင်ကြီးသည် တော်တော်လေးကို မှောင်နေပြီးဖြစ်ကာ လမ်းမီးများကလည်း တစ်ဆက်တည်း ခပ်မှိန်မှိန်လင်းနေသည်။ နီယွန်အလင်းများကဲ့သို့ အလွန် ရောင်စုံလှသည်။

Jiaochen (MM Translation) [Haitus]Donde viven las historias. Descúbrelo ahora