Chapter 28 Part 1 (Uni/Zawgyi)

685 93 1
                                    

Unicode Font

28. ကျွန်တော့်ကို အဲ့နေရာမှာပဲ စောင့်နေ (1)

စကားပြောရမည့်အစား Fu Yanzhiသည် ခေါင်းလှည့်လိုက်ကာ သူမဘက် ဆိုင်းငဲ့ကြည့်လိုက်သည်။

ပြုံးနေသော သူမမျက်ဝန်းများမှတစ်ဆင့် သူမနှလုံးလည်း မြန်ဆန်စွာ ခုန်လာနေခဲ့ပြီးဖြစ်သည်။

ဆိတ်ငြိမ်နေခဲ့ပြီးနောက် Fu Yanzhiသည် 'အင်း'လိုက်ကာ ပေါ့ပါးစွာ ဆိုလိုက်သည်၊ "အဲ့ဒီတော့"

Ji Qingying "..."

သူမ ဒီလောက်ထိတောင် တဲ့တိုးပြောနေတာကို သူ ဘာ ထပ်ပြီးတော့ ပြောစေချင်နေတာတုန်း။

Ji Qingyingသည် ခေါင်းကို ပြတင်းပေါက်ဘက် လှည့်လိုက်ကာ သူ အမြဲတမ်း ထိုစကားကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေသလိုဟု ခံစားနေသည်။

သူမ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့ဘက် လှည့်ကြည့်လိုက်သည်၊ "ဒေါက်တာFu၊ ရှင် ကျောင်းတုန်းက စာတော်ခဲ့ပါတယ်နော်"

Fu Yanzhi "..."

သူသည် သူမမျက်ဝန်းထဲက အောင်ပွဲခံနေမှုကို ဖျက်ခနဲ ကြည့်လိုက်ပြီး မျက်နှာသေဖြင့် ရယ်မိသွားသည်။

"မင်း မသိဘူးလား"

"ကျွန်မ သိပါတယ်၊ ဒါမဲ့ အခု နည်းနည်းလေး မသေချာနေလို့။"

အမှတ်တွေက ကောင်းတယ်ဆို ရှင် ဘာလို့ ကျွန်မစကားနောက်ကွယ်က အခြားအဓိပ္ပါယ်တွေကို မသိတာလဲ။

Fu Yanzhi မျက်လုံးကို အောက်ချလိုက်ကာ သူ့မျက်ဝန်းထဲက အပြုံးအရိပ်အယောင်ကို ဖိနှိပ်ချလိုက်သည်။

"ကျွန်တော် မေ့သွားပြီး။"

Ji Qingying "..."

မသိလိုက်ဘဲနဲ့ နှစ်ဦးသားသည် အဆောက်အဦး၏ လှေကားထစ်များသို့ အတူတကွ သွားခဲ့ကြသည်။

သူမတိုက်ခန်းတံခါးသို့ ရောက်သောအခါ Ji Qingyingသည် Fu Yanzhiဘက် နောက်ပြန်လှည့်ကြည့်လိုက်သည်၊ "ရှင် မနက်ဖြန် အလုပ်သွားဦးမှာလား"

"အင်း။"

Ji Qingyingမျက်ဝန်းတို့ အရောင်တောက်သွားကာ သူမနှုတ်ခမ်းထောင့်တို့လည်း ကွေးတက်သွားရင်း သူမ မေးလိုက်သည်၊ "ဒါဆို ကျွန်မ ရှင့်ကို နေ့လယ်စာ လာပို့ပေးလို့ ရမလား"

Jiaochen (MM Translation) [Haitus]Donde viven las historias. Descúbrelo ahora