Unicode Font
18. သကြားလုံးအချို (၁)
ဆေးရုံကန်တင်းထဲတွင် လူများ ဝင်လိုက်ထွက်လိုက်ဖြစ်နေပြီး အသံတို့ကလည်း အတောမသတ်နိုင်အောင် ဖြစ်နေသည်။
သို့ပေမဲ့ သူမနားနှင့် မျက်လုံးထဲမှာတော့ အရာအားလုံးသည် သူမရှေ့တွင် ထိုင်နေသော ထိုယောကျာ်းအကြောင်းတို့သာ ရှိနေသည်။
Ji Qingyingနားတို့ စတင်ပူလာတော့သည်။
သူမသည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ ဘာအကြောင်းကြောင့် ရယ်လိုက်သည်ကို မေးတော့မည့်အချိန်မှာပဲ Fu Yanzhiသည် တည်သွားပြီး တစ်ဖက်မှ ပန်းကန်ခွက်ယောက်ကို ကမ်းပေးလိုက်သည်။
"စားလေ။"
"..."
Ji Qingying သူ့ကို စိုက်ကြည့်လိုက်ပြီး ထိုလူသည် တည်ငြိမ်နေပြီး စောနက သူ ဘယ်လောက်တောင် ဆွဲဆောင်မှုရှိနေသည့်အကြောင်းကို လုံးဝသတိမထားမိနေပေ။
သူမသည် စိတ်ကိုရှင်းလိုက်ကာ တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်၊ "စွပ်ပြုတ် အရင်သောက်ကြည့်ပါလား။"
Fu Yanzhiအကြည့်တို့သည် အဖြူရောင်ဓာတ်ဘူးပေါ်တွင် ရှိနေသည်။
သူ ဓာတ်ဘူးကို စိုက်ကြည့်နေသည်ကို တွေ့သောအခါ Ji Qingying အရင် စပြောလိုက်သည်၊ "ဒီတိုင်း လောကဝတ်အရ ပြန်ပေးတယ်လို့ ယူဆလိုက်ပါနော်။"
Fu Yanzhiသည် နားမလည်နေသောကြောင့် သူမကို စိုက်ကြည့်လိုက်သည်။
Ji Qingyingသည် ပြန်ပြီး ရှင်းရှင်းလင်းလင်း လုပ်လိုက်တော့သည်၊ "ရှင် မနေ့နေ့လယ်က ကျွန်မကို ဝက်နံရိုးနှပ် လုပ်ပေးခဲ့တယ်လေ အဲ့ကြောင့် ကျွန်မ ဒီနေ့ ရှင့်အတွက် နံရိုးစွပ်ပြုတ် လုပ်လာပေးတာ။"
ထိုနေရာတွင် သူမသည် လက်ဆန့်ထုတ်လိုက်ကာ ဓာတ်ဘူးအဖုံးကို ဖွင့်လိုက်ပြီး စွပ်ပြုတ်ကို လောင်းထည့်လိုက်သည်။
သူမလက်များသည် ဖြူလတ်ကာ လှပနေပြီး အဖြူရောင်ကြွေပန်းကန်လုံးနှင့် လိုက်ဖက်ညီလှသည်။
၎င်းမှာ ကြည့်ရတာ နှစ်လိုဖွယ်ကောင်းလှသည်။
Fu Yanzhiသည် ငေးကြည့်လိုက်ပြီးနောက် ခေါင်းငုံ့လိုက်သည်။
ESTÁS LEYENDO
Jiaochen (MM Translation) [Haitus]
RomanceDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...