Unicode Font
1. ကံကြမ္မာ
မတ်လရဲ့ မနက်ခင်းအလင်းသည် ဖျော့တော့စွာ အရောင်ဖြာနေသည်။ နွေဦးရောက်လာနေပြီးဟု ပြောနေသည့်အလား လေသည် မြက်ခင်းပြင်တစ်လျှောက်ကို တိုက်ခတ်နေသည်။
အဝေးပြေးမီးရထားဝင်း အဝင်အထွက်က Ji Qingyingရဲ့ ပုံရိပ်ကို တွေ့သောအခါ Chen Xinyuရဲ့မျက်လုံးများသည် တောက်ပလာတော့သည်။ သူတို့ပတ်ပတ်လည်က ခရီးသွားသူအားလုံးတို့သည် သူတို့နှစ်ယောက်အနား ဖြတ်လာကြသောအခါ ခြေလှမ်းကို နှေးတုံ့လိုက်ကြသည်။
Ji Qingyingရဲ့ ထူးကဲလှသော အလှအပမှာ သူမသည် အလွန်ကြည့်ကောင်းပြီး သူမမျက်နှာက အပြုံးငယ်လေးသည် သူမကို ပိုပြီးတော့ ကြည့်ကောင်းစေနေသည်။
တက်စီကို စောင့်နေရင်း Chen Xinyuသည် သူမမေးကို ကိုင်လိုက်ပြီး Ji Qingyingအနား ဝိုင်းလိုက်သည်။
"ဘာဖြစ်လို့လဲ" Ji Qingyingသည် မျက်လုံးကို ပင့်လိုက်ပြီး သူမရဲ့ စစ်ဆေးနေမှုကို ခံယူလိုက်သည်။
Chen Xinyuသည် လက်ထုတ်လိုက်ပြီး သူမရဲ့ ပါးကို ထိလိုက်သည်၊ "နင် စိတ်ကောင်းဝင်နေတာလား"
"ဟမ်" Ji Qingyingသည် သူမကို ဇဝီဇဝါဖြစ်စွာ ကြည့်လိုက်သည်။
Chen Xinyuသည် ဖုန်းရဲ့ အဝင်အထွက်စာရင်းကို ကြည့်လိုက်သည်၊ "လွန်ခဲ့တဲ့တစ်နာရီမှာ နင့်အသံက လုံးဝကို အကူအညီမဲ့နေတာလေ။ ပြီးတော့ နင့် အပြောတွေကို နားထောင်လိုက်ရင် နင် ဒေါသထွက်နေတာကိုတောင် သိရတယ်။ ဒါပေမဲ့ အခုကျတော့-"
သူမသည် ခဏဆိုင်းငံ့လိုက်ပြီး မျက်နှာတည်တည်ဖြင့် စိတ်ဝင်စားစရာကောင်းသော မေးခွန်းမေးလိုက်သည်၊ "ပြောစမ်း၊ အဲ့ဒါ နင် အဆင်တစ်ယောက်နဲ့များ တွေ့ခဲ့တာလား"
Ji Qingyingသည် ဘာကိုမှ မပြောဘဲ ပြုံးရုံသာ ပြုံးနေသည်။
Chen Xinyuမှာ အံ့သြသွားသည်။ "တကယ်ပဲလား။ ဘယ်သူလဲ"
"ငါ ရထားပေါ်မှာ ယောကျာ်းတစ်ယောက်နဲ့ ဆုံခဲ့တယ်။" Ji Qingyingသည် အခုမှ ရောက်ရှိလာသော တက်စီကားတံခါးကို ဖွင့်လိုက်သည်။ "ကားပေါ်ရောက်မှ ဆက်ပြောရအောင်။"
VOUS LISEZ
Jiaochen (MM Translation) [Haitus]
Roman d'amourDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...