Unicode Font
16. သူ့တွင် ခံစားချက်တို့ ရှိနေသည် (၃)
Ji Qingyingသည် အံ့သြသွားပြီး ပေါ့ပါးသွက်လက်စွာ ပြောလိုက်သည်၊ "မဟုတ်ဘူး။"
Jian Ping၏မျက်ဝန်းများ အရောင်တောက်သွားပြီး သူ ထပ်ပြောတော့မည့်အချိန်မှာပဲ cheongsamဝတ်ဆင်ထားသည့် အလှလေးက ထပ်ပြောလိုက်သည်၊ "ကျွန်မ သူ့ကို လိုက်နေတာ။"
"...."
ထိုအကြောင်းကို သူမ ဖုံးကွယ်ထားစရာမရှိပါ။
သူမ သူ့ကို ပွင့်ပွင့်လင်းလင်း လိုက်နေသလို ထိုထဲတွင် ပါဝင်ပတ်သက်နေသောလူကို ဒုက္ခမဖြစ်စေသရွေ့ အခြားသူများ မေးလာသောအခါ သူမ ထိုအကြောင်းကို ဖုံးကွယ်ထားမည်မဟုတ်ပါ။
Jian Pingသည် မယုံကြည်သွားသလို ဖြစ်သွားသည်။
သူသည် Ji Qingyingကို တအံ့တသြကြည့်လိုက်ပြီး အံကြိတ်ထားရင်းနှင့် စာကြောင်းတစ်ကြောင်းကို ဖျစ်ညှစ်ပြောလိုက်သည်၊ "မင်း တစ်ယောက်ယောက်ကို လိုက်နေတာလား"
"အင်း"
Ji Qingyingသည် Fu Yanzhiဆီသို့ အီမိုဂျီတစ်ခု ပို့လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းမော့လိုက်သည်၊ "ရှင် အံ့သြသွားတာလား"
Jian Ping: "..."
သူသည် Ji Qingyingကို အချိန်အတော်ကြာ ငေးစိုက်ကြည့်နေပြီးမှ ပြောလိုက်သည်၊ "ဒါပေါ့၊ အဲ့ဒါကို ဘယ်သူမှ ယုံမှာ မဟုတ်ဘူးလေ။"
Ji Qingying ပြုံးလိုက်သည်၊ "အဲ့လိုလဲ မဟုတ်ပါဘူး။"
Jian Ping ဆက်ကာ မှတ်ချက် ပြောတော့မည့်အချိန်မှာပဲ သူမဖုန်း တတီတီ မြည်သွားပြီး သူမသည် ဖုန်းမျက်နှာပြင်ကို ကြည့်ရန် ခေါင်းကို ချက်ချင်းငုံ့လိုက်တော့သည်။
ဓာတ်လှေကားထဲက ဖုန်းလိုင်းသည် သိပ်မကောင်းနေပါ။
Ji Qingyingသည် တစ်ခါတစ်ရံ Fu Yanzhiဆီက ပြန်စာ မရသည်မှာ သူ အလုပ်ရှုပ်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူမ အလောသုံးဆယ်ဖြစ်နေမှုကြောင့် Jian Ping၏မျက်နှာအမူအရာကို သူမ မကြည့်လိုက်ပါ။
ဓာတ်လှေကားတံခါး ဖွင့်သည်နှင့်တစ်ပြိုင်တည်း သူမသည် အရှိန်မြှင့်လိုက်ပြီး သူမအခန်းဆီသို့ လျှောက်သွားလိုက်တော့သည်။
YOU ARE READING
Jiaochen (MM Translation) [Haitus]
RomanceDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...