Chapter 34 Part 1 (Uni/Zawgyi)

1K 106 1
                                    

Unicode Font

34. စိတ်အခြေအနေ မကောင်းခြင်း (1) 

Fu Yanzhi၏ ငှက်မွေးကဲ့သို့ ပျော့ပျောင်းသော စကားလုံးများ ထွက်လာသောအခါ Ji Qingyingသည် သူ့ကို တအံ့တသြနှင့် ကြည့်လိုက်တော့သည်။

ပြတင်းပေါက်မှ ဝင်လာနေသော နေရောင်ခြည်နှင့်အတူ သူ၏ကြည့်ကောင်းသောရုပ်ပုံသည် အလင်းနှင့်အရိပ်အောက်တွင် ပုန်းကွယ်ထားသလို ဖြစ်နေပြီး သူ့မျက်ဝန်းများနှင့် မျက်ခုံးကို မတူကွဲပြားနေသောခံစားချက်ကို ပေးစွမ်းနေသည်။

ထို့အပြင် မျက်စိကျိန်းစေသော အာရုံကို ဖြစ်စေနေပြီး သေးငယ်သော ဖုန်မှုန့်တို့ကလည်း လေထဲတွင် လွင့်ပါးနေသည်။

ထိုယောကျာ်း၏မျက်ခုံးများသည် ထူထဲလှပေမဲ့ သူ့မျက်ဝန်းထဲက ခံစားချက်များကတော့ သိပ်မစူးရှနေသလို သိပ်လည်း မကြင်နာနေဘဲ ခါတိုင်းနှင့်လည်း သိပ်မကွာနေပါ။

ထို့ကြောင့် အချိန်တစ်ခုလောက်ကြာသော် Ji Qingyingသည် သူ စနေတာလား သို့မဟုတ် အမှန်ပြောနေတာလား သေချာမသိနေပါ။

သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။

အချို့သော ပုံရပ်များ Ji Qingyingစိတ်ထဲ ဝိုးတိုးဝါးတား ပေါ်လာခဲ့သည်။ သို့သော် ထိုမှာ အလွန် မြန်သဖြင့် သူမ ဘာမှန်း မသိလိုက်ပေ။

Fu Yanzhiအကြည့်အောက်မှာပဲ တဖြည်းဖြည်းနှင့် သူမမျက်နှာ ပူလာတော့သည်။

သူမနှုတ်ခမ်း လှုပ်သွားပေမဲ့ သူမ ဂရုတစိုက်နှင့် လုပ်ကြံထားသော စကားလုံးများသည် ချက်ချင်း ဟိုရောက်ဒီရောက်ဖြစ်သွားပြီး တစ်ခဏလောက် အဆီအငေါ်တည့်သော စကားလုံးတစ်လုံးလေးတောင်မှ မပြောတတ်တော့ပေ။

"ဘာလဲ"

Fu Yanzhi သူမကို ကြည့်လိုက်ပြီး ပေါ့ပါးစွာ မေးလိုက်သည်၊ "မင်း မဝန်ခံချင်တော့ဘူးလား"

Ji Qingying "..."

စကားလုံးများ ပျောက်ဆုံးသွားမှုနှင့်အတူ သူမသည် သူ့ကို စက္ကန့်အနည်းငယ်လောက် ငြိမ်ငြိမ်လေး မော့ကြည့်နေခဲ့ပြီးနောက် ရုတ်တရက် မေးလိုက်သည်၊ "ကျွန်မ ရှင့်ကို ဘယ်လို အခွင့်အရေး ယူခဲ့လို့လဲ"

Jiaochen (MM Translation) [Haitus]Tempat cerita menjadi hidup. Temukan sekarang