Happy Thadingyut to you all!!
This is bonus chapter for you!!!
Unicode Font
30. သူ့အပြုံးက ဒေါ်လာတစ်ထောင် တန်တယ်(3)
သူတို့နှစ်ဦး ဓာတ်လှေကားထဲသို့ ဝင်သွားကြသည်။
ရံဖန်ရံခါ ထွက်လာနေသော လူနာချောင်းဆိုးသံနှင့် စကားပြောဆိုမှုများမှ လွဲ၍ ဤအဆောက်အဦးတွင် လေပြည်လေညှင်းသံတို့သာ ရှိပြီး အတော်လေးကို တိတ်ဆိတ်နေသည်။
Fu Yanzhiသည် အိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ထားရင်း သူမဘေးနား ရပ်နေပြီး သူ့ဖုန်းကို ငုံ့ကြည့်နေသည်။
Ji Qingying သူ့ကို ကြည့်လိုက်ပြီးနောက် သူမအကြည့်က လက်ထဲကိုင်ထားသော တုတ်ထိုးချောင်းဆီ ပြန်ရောက်သွားသည်။
ရုတ်တရက် Fu Yanzhi မော့လိုက်သောအခါ သူမလက်ထဲ ကိုင်ထားနေသော သကြားတုတ်ထိုးချောင်းက သူ့မျက်စိရှေ့ ရောက်နေသည်ကို တွေ့သွားသည်။
သူ Ji Qingyingကို 'ဘာဖြစ်လို့လဲ'မေးနေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
Ji Qingyingနှုတ်ခမ်းထောင့်တို့ ကွေးတက်နေပြီး သူမမျက်ခုံးတို့လည်း စိတ်ခံစားချက်တို့နှင့် ပြည့်နှက်နေပြီး သူမ ပြောလိုက်၏၊ "ဒေါက်တာFu၊ ရှင်ရော တစ်ခု စားမလား"
"မစားဘူး။"
"တစ်ခု ယူလိုက်ပါ။"
Ji Qingying ပြောလိုက်သည်၊ "ဒီတုတ်ထိုးချောင်းမှာ ခြောက်ခု ရှိတယ်၊ ကျွန်မ ငါးခုပဲ စားနိုင်တယ် အဲ့တော့ ကျန်တဲ့တစ်ခု ရှင် မစားရင် အလဟဿဖြစ်သွားမယ်လေ။"
သူမ Fu Yanzhi ယခင်က ပြောခဲ့ဖူးသော စကားများကို သုံးပြီး ပြောလိုက်သောကြောင့် သူ တိတ်ဆိတ်သွားသည်။
"အစားအစာကို ဖြုန်းတီးတာ မကောင်းဘူးလေ ဟုတ်တယ်မလား"
Fu Yanzhi "....."
သူ ဖုန်းကို ဘေးပို့လိုက်ကာ သူမကို စိုက်ကြည့်လိုက်သည်။
သူရှေ့ကအမျိုးသမီးမှာ လှပပြီး ပရိယာယ်ကြွယ်နေကာ တစ်ခါတစ်ရံ သူမရုပ်ရည်ပုံပန်းနှင့်မကိုက်ညီသော အရာများကို လုပ်လေ့ရှိလင့်ကစား စိတ်အနှောင့်အယှက်လည်း မဖြစ်စေနေပါ။
VOUS LISEZ
Jiaochen (MM Translation) [Haitus]
Roman d'amourDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...