Chapter 9 Part 1 (Uni/Zawgyi)

823 90 5
                                    

Unicode Font

9. ကလပ်တက်ခြင်း (၁)

Ji Qingyingသည် သူမမိုဘိုင်းဖုန်းကို ဖွင့်လိုက်ပြီး ထိုယောကျာ်းဆီ ကမ်းပေးလိုက်သည်။

Fu Yanzhiမှာ အောက်စိုက် ကြည့်လိုက်ပြီး သူ့ဖုန်းနံပါတ်ကို ရိုက်ထည့်လိုက်သည်။

"ဒေါက်တာFu အခုခေတ်မှာ လူတွေက မက်ဆေ့ သိပ်မသုံးကြတော့ဘူး။" သူမသည် ပွင့်ပွင့်လင်းလင်း ထပ်ထည့်မပြောလိုက်ခင် လေးလေးနက်နက်ပြောလိုက်သည်၊ "Wechatကို ပိုသုံးကြတယ်။"

Fu Yanzhiလက်မှာ တစ်ခဏလောက် တန့်သွားပြီး ခပ်တည်တည်နှင့် သူမ၏ Wechat appကို ဖွင့်လိုက်သည်။ သူသည် အခြား ဘာမှ ထပ်မမေးဘဲ ဒီအတိုင်းသာ သူ့အကောင့်အသေးစိတ်ကို ရိုက်ထည့်လိုက်တော့သည်။

သူ ရိုက်ထည့်ပြီးသွားသည်ကို တွေ့သောအခါ Ji Qingyingသည် သူမနှုတ်ခမ်းပေါ်က ပေါ်ထွက်နေသော အပြုံးကို ချိုးနှိမ်ကာ ညင်သာကာ သွက်လက်နေသော လေသံဖြင့် ပြောလိုက်သည်၊ "ကျေးဇူးနော် ဒေါက်တာFu။" သူမသည် သူ့ကို ကြည့်ရင်း ထပ်ပြောလိုက်သည်။ "ဒါဆို ကျွန်မ အရင် သွားနှင့်ပြီးနော်။"

"အင်း။"

Ji Qingyingသည် ဘာမှ ထပ်မပြောတော့ဘဲ တက်စီတစ်စီးကို လှမ်းတားလိုက်သည်။

တက်စီကား အဝေးကို ရောက်တော့မှ Fu Yanzhiသည် ဆေးရုံဘက် လှည့်လိုက်သည်။

သူတို့ ဌာနကို ရောက်ရုံသာ ရှိသေး၊ Xu Chengliအကြည့်များသည် အနိုင်ကျင့်မည့် သူတစ်ဦးအလား ခက်ထန်နေပြီး သူ့ကို ရပ်တန့်လိုက်သည်။

"ခုနက မင်း ဘာဖြစ်နေတာလဲ" သူ မေးလိုက်သည်။

ဂရုမစိုက်လေ့ရှိသော Fu Yanzhiမှာတော့ သူ့ခုံကို ဆွဲထုတ်လိုက်ပြီး ထိုင်ချလိုက်သည်။ "ဘာလဲ"

Xu Chengliမှာ ဒေါကန်သွားသည်။ သူ ခုနက သူ့ရဲ့ အပြုအမူကို စနောက်လိုက်ချင်ပေမဲ့ သူ့ပါးစပ်က ထွက်လာခဲ့သော စကားများမှာ ကွဲပြားသွားပြီးဖြစ်သည်။

"ဘာမှ မဟုတ်ပါဘူး၊ မင်းညီမက အသက်ဘယ်လောက်ရှိပြီးလဲဆိုတာ သိချင်လို့။"

Fu Yanzhiမှာ သူ၏ ကိုယ်ပိုင်ဘဝကို ပြောရတာ ကြိုက်နှစ်သက်သော သူတစ်ယောက် မဟုတ်ပါ။ Ye Zhenzhen သူ့ဆီ ထမင်းလာပို့သည်မှာ ဒါက ပထမဆုံးအကြိမ် မဟုတ်ပါ၊ အရင်ကလည်း သူမ လာပို့ဖူးသည်။ သို့သော် သူမက ဆေးရုံအနံ့ကို မကြိုက်သောကြောင့် သူမ လာတိုင်း သူ့ကို ဖုန်းဆက်လိုက်ကာ တံခါးတွင် လာယူရန် ပြောလေ့ရှိသည်။ ထို့ကြောင့်လည်း Xu Chengliက သူ့တွင် ဝမ်းကွဲညီမ ရှိသည်ကို သိပေမဲ့ သူမကိုတော့ တစ်ခါမှ မတွေ့ဖူးပါ။ သူ Fu Yanzhi၏ ဝမ်းကွဲညီမအကြောင်း သိသော အရာတစ်ခုမှာ သူမမှာ ဒီလောက်ထိ လှပသည်ဆိုတာပဲ ဖြစ်သည်။

Jiaochen (MM Translation) [Haitus]Onde histórias criam vida. Descubra agora