Unicode Font
22. အနံ့ ရလား (၁)
စိတ်အားထက်သန်လွန်းခြင်းမှာလည်း ဖြစ်သင့်တာထက် သွေဖယ်ပြီး ဆိုးရွားသောအကျိုးဆက်များ ရှိတတ်သည်။
သူတို့ ဆေးရုံမှာ ရှိနေကြ၍ ဖြစ်မည်၊ Fu Yanzhi သူမ စကားများကို အရေးမစိုက်လိုက်ပါ။
သူမကို အေးစက်စွာ ငေးစိုက်ကြည့်ပြီးနောက် သူမလက်ကို တွန်းဖယ်လိုက်ကာ အပြင်သို့ ထွက်ရန် လှည့်လိုက်သည်။
Ji Qingyingသည် အံ့သြတုန်လှုပ်သွားပြီး ထပ်မံ ချထားခြင်းခံရသော လိုက်ကာကို ကြည့်လိုက်သည်။
မသိလိုက်ဘဲ သူမသည် လက်ဖဝါးကို ဆုပ်ကိုင်လိုက်ပြီး ထိုလက်တွင် သူ့လက်မောင်း၏အနွေးဓာတ်တို့ ရှိနေသေးသည်။
သူမ စက္ကန့်အနည်းငယ်လောက် နှေးကွေးလေးကန်သွားပြီး ရုတ်ခြည်းဆိုသလို နောင်တရသွားခဲ့သည်။
ဒါ မဟုတ်သေးဘူး။
သူမ ဆေးရုံမှာ မရှိသင့်တော့ဘူး။
Fu Yanzhiက သူ့အလုပ်နဲ့ ပတ်သက်ရင် အတော်လေး စည်းကမ်းတင်းကြပ်ပြီး ဒါက သူမ မသိနေသော အကြောင်းလည်း မဟုတ်။
ဒါတောင်မှ သူမ သူ့အလုပ်မှာ သူ့ကို စနောက်နေသေးသည်။
သူမသည် လေလျော့နေသော ပူဖောင်းတစ်လုံးကဲ့သို့ ပြောမရနိုင်အောင် ဆိုးရွားနေသော နောင်တနှင့်အတူ စောင်ထဲတွင် ခေါင်းကို နစ်မြှုပ်လိုက်သည်။
Fu Yanzhiသည် နေ့လယ်ခင်းတွင် အလုပ်မများနေပေမဲ့ ဆေးကုသမှုနှင့်ဆိုင်သော ရှင်းပြမှုအတွက် လူများ လာရောက်နေလျက်ရှိသည်။
လေပြည်ကဲ့သို့ ပြေးလွှားနေရန် မလိုပေမဲ့ အခြေခံအားဖြင့် အားလပ်နေသောမိနစ်အချို့တို့ ရှိပါသေးသည်။
သူ လူနာတစ်ယောက်ထံမှ ရုံးခန်းသို့ ပြန်လာသောအခါ အထဲတွင် မည်သူမှ မရှိတော့ပါ။
သူသည် တစ်ခဏလောက် အံ့သြသွားပြီး အံဆွဲထဲမှ ဖုန်းကို ထုတ်လိုက်ကာ ကြည့်လိုက်သည်။ လွန်ခဲ့သော နာရီဝက်ခန့်က Ji Qingying ပို့ခဲ့သော မက်ဆေ့ချ်တစ်စောင် ရှိနေသည်။
VOUS LISEZ
Jiaochen (MM Translation) [Haitus]
Roman d'amourDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...