Unicode Font
12. အချစ်ပြိုင်ဘက်တို့ တွေ့ဆုံခြင်း (၂)
Fu Yanzhi: [...]
Ji Qingying: [ရှင် ဘာလို့ အဲ့အစက်တွေပဲ ပြန်ပို့နေတာလဲ။ ကျွန်မ မှားသွားလို့လား။ ကျွန်မ မမှန်လို့လား။ ဒါမှမဟုတ် ဒေါက်တာFuက သူ ပန်းတွေထက် ပိုကြည့်ကောင်းတယ်ဆိုတာ ဝန်မခံချင်လို့လား။]
ထိုစာများ ပို့ပြီးနောက် Fu Yanzhiဆီက ပြန်စာရရန် မိနစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။
Fu Yanzhi: [ကျွန်တော် ပန်းတွေထက် ပိုကြည့်ကောင်းတယ်လို့ မထင်နေလို့ပါ။ ကျွန်တော် ပန်းတွေထက် ပိုကြည့်ကောင်းမှ ရမယ်လို့ မထင်ဘူး။]
Ji Qingying: [အို့။]
Fu Yanzhiသည် သူမကို ပို့လိုက်သော စာကို ပြန်ဖတ်ကြည့်နေရင်း အနည်းငယ် မှုန်ကုပ်သွားသည်။
Jiang Chenသည် သူ့ဘေးတွင် ထိုင်နေ၏။ Fu Yanzhi သူ့ဖုန်းကို မကြာခဏ ကြည့်နေသည်ကို တွေ့သောအခါ သူသည် အံ့သြဟန်ဖြင့် မျက်ခုံးမြင့်တက်သွားသည်၊ "ဒေါက်တာFu မင်းတစ်ယောက်ယောက်ကို စကားပြောနေတာလား"
ချက်ချင်း အားလုံးသည် ခေါင်းလှည့်ကြည့်ကြတော့သည်။
Fu Yanzhiမျက်နှာအမူအရာသည် မှိန်သွားပြီး သူသည် မျက်လုံးပင့်လိုက်ကာ အကုန်လုံးကို ကြည့်လိုက်သည်၊ "ကိစ္စတစ်ခုခု ရှိလို့လား"
Jiang Chen "..."
Chen Muqingမှာ အနည်းငယ် ရှော့ရသွားသည်။ "မဟုတ်ပါဘူး၊ ငါတို့ အဆင်ပြေပါတယ်၊ ဒါမဲ့ နင် လူတွေနဲ့ စကားပြောဖြစ်လာရင်တော့ ကိစ္စတွေက နည်းနည်း မူမမှန်ဖြစ်လာလို့။"
"..."
သူတို့ ရေးကြီးခွင်ကျယ် လုပ်ကာ အပို ချဲ့ပြောခြင်း မဟုတ်ပါ၊ သို့သော် Fu Yanzhiမှာ သူနှင့် မရင်းနှီးသောသူ သို့မဟုတ် သူတို့အုပ်စုထဲက မဟုတ်သော သူတွေကို စာပို့လေ့မရှိသောကြောင့်ဖြစ်သည်။
အကယ်၍ သူတို့သာ သူ မသိနေသော သူများဖြစ်ပြီး သူ အဆက်အသွယ် လုပ်ရမည်ဆိုဦးတော့ သူ စာပို့မည်မဟုတ်ဘဲ ထိုအစား ဖုန်းသာ ဆက်လိုက်မည်ဖြစ်သည်။ သူ သိသော လူများနှင့် ပြည့်နှက်နေသော သူတို့အုပ်စုမှာတောင်မှ Fu Yanzhiသည် တစ်နှစ်ပတ်လုံး ဆယ်လုံးထက်ပိုပြီး တစ်ခါမှ မပြောခဲ့ပါ။ Fu Yanzhiရှိနေသော သူတို့အုပ်စုမှာတောင်မှ သူ တစ်နှစ်ပတ်လုံး စကားလုံးဆယ်လုံးထက် ပိုပြီး မပြောတာလည်း ရှိသည်။
ESTÁS LEYENDO
Jiaochen (MM Translation) [Haitus]
RomanceDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...