Unicode Font
11. သူမ၏ ပန်းလေးနှင့်အတူ ဆယ်ဖီဆွဲခြင်း (၂)
Ji Qingyingသည် သူမကို မော့ကြည့်လိုက်ကာ ပြုံးလိုက်သည်၊ "နင် ဒီကို ဘာလို့ လာခဲ့တာလဲ"
"အာ။ ဒီနေ့ ငါ နင်နဲ့ တူတူစားချင်လို့။" Yan Qiuzhiပြန်ဖြေလိုက်သည်။
Ji Qingyingသည် သူမမျက်နှာအမူအရာကို ကြည့်ပြီးနောက် ပြုံးရယ်လိုက်သည်၊ "ဘာလို့လဲ"
ဘေးနားက Rong Xueမှာ လက်မြှောက်လိုက်သည်၊ "ညီမ သိတယ်။"
သူမသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်၊ "Quizhiကျဲကျဲ အဲ့ဒါ မနက်က ရိုက်ထားတဲ့ အခန်းကြောင့် မဟုတ်လား"
Yan Qiuzhiသည် Rong Xueကို ကြည်ညိုမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ "ဉာဏ်ကောင်းလိုက်တာ။"
Ji Qingyingသည် တစ်မနက်လုံး အခန်းထဲတွင်သာ ရှိနေသောကြောင့် အပြင်ဘက်တွင် ဘာဖြစ်ပျက်နေသည်ကို လုံးဝ သတိမထားနေပါ။
သူမသည် မျက်ခုံးပင့်တင့်သွားကာ ပြောလိုက်သည်၊ "နင် မနက်က ဘယ်အခန်း ရိုက်လို့လဲ"
"Chenလောင်ရှီးက Qiuzhiကျဲကျဲကို သတ်တဲ့အခန်း။ အကုန်လုံးက ကြောက်သွားကြတယ်လေ။"
"..."
Ji Qingyingသည် မနေနိုင်ဘဲ ရယ်မိသွားသည်။ "အဲ့ဒါ ဇာတ်ကွက်တစ်ခုပဲ မဟုတ်လား"
Yan Qiuzhiသည် ခေါင်းညိတ်လိုက်ပြီး ယုံကြည်မှုရှိရှိ ပြောလိုက်သည်၊ "အဲ့ဒါက ဇာတ်ကွက်တစ်ခုပါပဲ၊ ဒါမဲ့ ငါ အာဃာတ ထားထားတယ်လေ။ အဲ့နောက်ပိုင်း ငါ သူ့ကို တွေ့တာနဲ့ သူ ငါ့ကို ဘယ်လို သတ်ခဲ့တယ်ဆိုတာပဲ မြင်ယောင်နေတယ် ပြီးတော့ ငါ တစ်ခဏလေးတောင် မမျိုချနိုင်ဘူး။"
သုံးယောက်သား စကားပြောနေကြပြီး ရယ်မောနေကြသည်။
Ji Qingyingသည် သူမနှင့် စားရင်း စကားပြောနေပြီး တစ်ခါတစ်ရံ သူမဖုန်းကို ကြည့်ကြည့်နေသည်။
သူမ ကောက်ကိုင်လိုက်၊ ပြန်ချထားလိုက် လုပ်နေသည်မှာ အခေါက်ပေါင်းမနည်း ရှိပြီးဆိုသည်ကို တွေ့သောအခါ Yan Qiuzhiသည် သိချင်သောကြောင့် မေးလိုက်သည်၊ "နင် အဲ့လူနဲ့ စာပို့နေတုန်းပဲလား"
أنت تقرأ
Jiaochen (MM Translation) [Haitus]
عاطفيةDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...