Unicode Font
36. ဒေါက်တာFuနှင့် ဒိတ်လုပ်ခြင်း (2)
Fu Yanzhiလည်း ထိုအကြောင်းနှင့် ပတ်သက်ပြီး သိပ်မတွေးခဲ့ပါ။
သူသည် တစ်ကိုယ်ကောင်းဆန်သော လူမျိုးဖြစ်ပြီး အရေးမကြီးဘူးဟု သူ သတ်မှတ်ထားသော သူများအပေါ်တွင် သူ့အချိန်တို့ကို သုံးခဲသည်။
နှစ်ရက်ကြာပြီးနောက်။
နှစ်ရက်ဆက်တိုက် Fu Yanzhiသည် အတော်လေးကို အလုပ်များနေခဲ့ပြီး နေ့ခင်းတွင် သူ တစ်နာရီလောက်သာ ခေတ္တအနားယူခဲ့သည်။
Xu Chengliလည်း ထို့နည်းအတူပင်ဖြစ်သည်။
Ji Qingyingသည် လွန်ခဲ့သော နှစ်ရက်အတွင်း ဆေးရုံသို့ ရောက်မလာခဲ့ပါ။
သူမ အမျိုးသားပြိုင်ပွဲအတွက် ပြင်ဆင်စရာရှိသည်ဟု Fu Yanzhiကို ပြောပြခဲ့သည်။ ထို့ကြောင့် သူမ ဆေးရုံကို ထမင်းဘူး လာမပို့နိုင်ပါ။
Fu Yanzhi ထိုအကြောင်းကို သိပ် ဂရုမစိုက်မိလိုက်ပါ။
သို့သော် အခြားတစ်ဖက်တွင် Ji Qingyingသည် နှစ်ရက်ဆက်တိုက် တူညီသောဆိုင်ကနေ နေ့လယ်စာများ လက်ခံရရှိခဲ့သည်။
Fu Yanzhiဆီက ဖြစ်ပြီး ကြင်နာမှုကို ကြင်နာခြင်းနှင့် ပြန်ပေးဆပ်ခြင်းဖြစ်သည်။
နောက်တစ်နေ့ Fu Yanzhiတွင် ညဂျူတီ မရှိပါ။
သူ အလုပ်မှ ဆင်းသောအခါ Xu Chengliကို သူ့လူနာများနှင့်ပတ်သက်သည့် အခြေအနေမှန်သမျှနှင့် သူဘာကို သတိထားရမလဲကို ပြောပြခဲ့သည်။
Xu Chengliမှာ သူ့ကို နားမလည်သည့်ပုံနှင့် ကြည့်လိုက်သည်။
"မင်း ဒီနေ့မှ စကားများနေရတာလဲ"
သူ ပြန်ဖြေလိုက်သည်၊ "မင်း မဖြေရှင်းတတ်တဲ့အခါ ငါ့ဆီ ဖုန်းဆက်လိုက်။"
သူတို့သည် လွန်ခဲ့သောရက်များတွင် ၂၄နာရီလုံးလုံး အသင့်ဖြစ်နေရသဖြင့် ထိုအချိန်များတွင် သူတို့ အနားယူသောအချိန် သိပ်မရှိလိုက်ပါ။
Fu Yanzhi မော့ကြည့်လိုက်သည်။
"ဒီအတိုင်းပဲ ပြောလိုက်တာ။ ဘာလို့ဆို ငါ အလောတကြီးနဲ့ ပြန်လာနိုင်မှာ မဟုတ်ဘူး။" သူ ပေါ့ပေါ့ပါးပါး ဆိုလိုက်၏။
ŞİMDİ OKUDUĞUN
Jiaochen (MM Translation) [Haitus]
RomantizmDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...