Chapter 24 Part 2 (Uni/Zawgyi)

701 92 0
                                    

Unicode Font

24. သူမကို အားပေးခြင်း (၂)

ဟုတ်တာပေါ့၊ သူမစကားများထဲက အစ်အောက်မေးမြန်းနေမှုကို သူ နားလည်တာပေါ့။

သူ ဖုံးကွယ်ထားသည်ကို သူမ တူးဆွရန် ကြိုးစားနေတာဖြစ်သည်။

သူမ ပြောလိုက်သည်မှာ တဲ့တိုးမဆန်နေပေမဲ့ သူမ ရည်ရွယ်ချက်ကိုလည်း ဖုံးကွယ်မထားနေပါ။

ထိုကဲ့သို့သော အစ်အောက်မေးမြန်းမှုက သူ မနှစ်သက်တာလည်း မဟုတ်နေပါ။

အဘယ်ကြောင့်ဆိုသော် အစကတည်းကနေ အခုထိတောင် သူမ ပြုလုပ်ခဲ့ပြီးသော အရာများက သူမကို လူတစ်ဦးက မမုန်းတီးနိုင်သလို ခုခံဖို့ဆိုတာ ဝေးတောင် ဝေးသေးသည်။

သူ ထိုအချက်ကို ရုတ်ခြည်း သိသွားသောအခါတွင် Fu Yanzhiသည် သူမမေးခွန်းကို ဖြေကြားရန် သူ အချိန်ဆွဲနေသည်ကို သတိထားမိသွားသည်။

သူ တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် ဆိုလိုက်သည်၊ "စန္တယားနဲ့ တယော နည်းနည်းလောက်ပါပဲ။"

Ji Qingyingမျက်လုံးတို့ အရောင်လက်သွားပေမဲ့ သူမ Fu Yanzhiပြောသော 'နည်းနည်းလောက်ပဲ'ဆိုတာက အဘိဓာန်ထဲက အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲကလို မဟုတ်ဘူးဆိုတာ မှတ်မိသွားပြီး ထိုမှာ အတော်လေးကို တီးတတ်သည်ကို ပြောတာဖြစ်သည်။

"နည်းနည်းလေးပဲလား"

"အင်း။"

Fu Yanzhiမှာ ထိုကိရိယာများကို မလေ့လာဖြစ်၊ မတီးဖြစ်သည်မှာ အတော်လေး ကြာပြီးဖြစ်ပြီး။ သူ နှစ်အနည်းငယ်လောက် တီးခတ်လိုက်သေးသည်။

သူ့အမေက သူ့ကို အတန်းများ ပို့သောကြောင့်ဖြစ်သည်။

Fu Yanzhi ငယ်ရွယ်စဥ်က သူ့မိဘများသည် အခြားသောမိဘများကဲ့သို့ ဖြစ်ပြီး သူ့ကို အတော်လေး တင်းကြပ်ခဲ့သည်။

သော်ငြားလည်း မေမေFuသည် Fu Yanzhiကို တစ်ခုခုကို လေ့လာရန် တွန်းအားမပေးနေပေမဲ့ တစ်ချိန်တည်းမှာပဲ သူမ သူ့ကို အတန်းပြင်ပလှုပ်ရှားမှုအတန်းများတွင် အပ်ထားခဲ့သေးသည်။

သူမအတွေးများကတော့ အလွန်ရိုးရှင်းသည်၊ သူမကလေး ဘာကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ မသိပါ။ သို့သော် ကလေးကို အားလုံး သင်ပေးတာကလည်း ကောင်းသော အကြံ မဟုတ်နေသေးပါ။

Jiaochen (MM Translation) [Haitus]Kde žijí příběhy. Začni objevovat