Chapter 25 Part 2 (Uni/Zawgyi)

720 80 1
                                    

Unicode Font

25. ဆု လိုချင်တယ်လို့ (၂)

တိုတိုပြောရသော် ထိုကိစ္စပြီးနောက် Sun Yijia သူမကို စတင်ပစ်မှတ်ထားတော့သည်။

Ji Qingyingဝင်ပြိုင်သော ပြိုင်ပွဲမှန်သမျှ Sun Yijiaလည်း ရှိရမည်ဖြစ်သည်။

သူမ Cheongsamဝတ်လျှင် Sun Yijiaလည်း cheongsamလိုက်ဝတ်သည်။ ယခင်က Ji Qingyingကို နှစ်သက်ကြသော အတန်းဖော်များတောင်မှ Sun Yijiaကြောင့် သူတို့မှာ သူမကို ကြည့်မရဖြစ်လာကြပြီး နေရာတိုင်းတွင် သူမအကြောင်း မကောင်းပြောနေကြ၊သတင်းအမှားများ ထုတ်လွှင့်ကြသည်။

သူမနည်းလမ်းများမှာ သိပ်ကို စက်ဆုပ်ဖွယ်ကောင်းသောကြောင့် အဖြစ်မှန်ကို သိသောသူတိုင်း သူမ(SYJ)ကို မုန်းတီးကြသည်။

သို့သော် Ji Qingyingမှာတော့ တကယ့်ကို ဂရုမစိုက်နေပါ။

သူမသည် အမြဲတမ်း ဒီလိုပဲ ဂရုစိုက်လေ့မရှိပေ။ Cheongsamဖြစ်စေ ပြိုင်ပွဲဖြစ်စေ သူမအတွက် ဘာမှ ကိစ္စမရှိနေပါ။ သူမ၏အရည်အချင်းကို ယုံကြည်မှုလည်း ရှိသလို သူမတွင် စွမ်းရည်လည်း ရှိသည်။ သူမ ဘာကိုမှ မကြောက်ရွံ့နေပါ။

ဤတစ်ဦးတည်းကသာ ဖြစ်နေသော တိုက်ပွဲဖြစ်စဥ်သည် ဘွဲ့ရသည်အထိ အတက်အကျ အနည်းငယ်သာ ရှိခဲ့သည်။

သို့သော် ထို့နောက်မှာတော့ Ji Qingyingမှာ Jiang Chengမြို့သို့ ပြန်သွားခဲ့သောကြောင့် အရာအားလုံးမှာ အချိန်တိုတိုအတွင်းတွင် ပြီးဆုံးသွားခဲ့သည်။

သူမ ဖုန်းချလိုက်ခဲ့သည်။

ခေါင်းငုံ့နေရင်း Ji Qingyingသည် Fu Yanzhiဆီ စာတစ်စောင် ပို့လိုက်ပြီးနောက် သူမဖုန်းကို အိတ်ထဲသို့ ပြန်ထည့်လိုက်လေသည်။

ခေတ္တကြာသော် San Qingပြိုင်ပွဲမှ တာဝန်ရှိသူတစ်ဦး ရောက်လာခဲ့ပြီး အားလုံး နေထိုင်ရန် အခန်းတစ်ခန်းစီ စီစဥ်ပေးခဲ့ကြပြီးနောက် နောက်ကျ အစည်းအဝေး လုပ်နိုင်ရန် အထုပ်အပိုးများကို အရင် သွားသိမ်းခိုင်းကြသည်။

နေထိုင်ရန်အတွက် အခန်းတစ်ခန်းစီ စီစဥ်ပေးခဲ့ကြပြီး သူတို့ကို အထုပ်အပိုးများ သိမ်းဆည်းခိုင်းပြီးနောက် အစည်းအဝေး ကျင်းပခဲ့သည်။

Jiaochen (MM Translation) [Haitus]Où les histoires vivent. Découvrez maintenant