Chapter 34 Part 4 (Uni/Zawgyi)

891 104 6
                                    

Unicode Font

34. စိတ်အခြေအနေမကောင်းခြင်း(4)

နောက်တွင် Ye Zhenzhenမှာ သူမလက်ကို လွှတ်ချကာ ထွက်ပြေးသွားလေသည်။

သူမနောက်က ခြေသံကို ကြားသွားသောကြောင့် Ji Qingying ပြန်လှည့်ကြည့်လိုက်သည်။ ဝန်ထမ်းမျက်နှာက ပုံမှန်မျက်နှာခြေတို့နှင့် လိမ်းထားခြင်းမဟုတ်သည်ကို သူမ တွေ့သွားသည်။

သူမ တစ်ချက်လောက် တန့်သွားပြီးနောက် ရှေ့သို့ အေးအေးဆေးအေး လျှောက်လာခဲ့သည်။

အတော်လေးကို လန့်စရာကောင်းသည်။

အစပိုင်းတွင် သူမ နည်းနည်းလေး ကြောက်ခဲ့ပေမဲ့ ခေတ္တကြာသော် ခုနကနှင့် ပြောင်းပြန် သူမ စိတ်ငြိမ်သွားပြီးဖြစ်သည်။

မိနစ်နှစ်ဆယ်ကြာသော်။

Ji Qingyingသည် Ye Zhenzhen၏အတန်းဖော်များက ဘာကြောင့် သူမနှင့် သရဲအိမ် မလာချင်ရသည့်အကြောင်းရင်းကို သဘောပေါက်သွားသည်။

သူမပဲ သရဲအိမ်ကို အလာချင်ဆုံးတစ်ယောက်ဖြစ်သည်။

သို့သော် သူမကပဲ အကြောက်ဆုံးတစ်ယောက်လည်း ဖြစ်သည်။ သူမသည် သရဲအိမ်က ဝန်ထမ်းကို အထိတ်အလန့်ဖြစ်စေပြီး ကြောက်သွားအောင် ဖြစ်စေသည့်အထိ ဖြစ်သည်။

ထွက်လာကြပြီးနောက် နှစ်ယောက်လုံး သရဲအိမ်၏ အနောက်တံခါးတွင် ရပ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

Ji Qingying သူမ၏ နီမြန်းနေသောမျက်နှာကို ဖျတ်ခနဲ ကြည့်လိုက်ပြီး နှစ်သိမ့်ပေးရန် ပခုံးပုတ်လိုက်သည်၊ "Zhenzhen"

"ဟုတ်"

Ji Qingying လေးလေးနက်နက်ပြောလိုက်သည်၊ "ညီမရဲ့ဝါသနာကို ပြောင်းလိုက်တာ အကောင်းဆုံးပဲ။"

Ye Zhenzhen "..."

ထို့နောက် ပျောက်သွားမည်စိုးသဖြင့် ဝန်ထမ်းတွင် ထားခဲ့သော ဖုန်းများကို သွားပြန်ယူကြသည်။

Ji Qingying ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်သောအခါ များစွာသော ဖုန်းခေါ်မှုများကို တွေ့သွားသည်။

လုံးဝ မမျှော်လင့်ထားဘဲ သူမဖုန်းကို လော့ခ်ဖြည်လိုက်သည်။

Jiaochen (MM Translation) [Haitus]Où les histoires vivent. Découvrez maintenant