ရူရွယ်က သေချာပေါက်ကို ထိုညီအကိုနှစ်ယောက်ပြောနေတာတွေကိုကြားနေခဲ့ပြီးသားပါ။ သူကကြည့်လည်းမကြည့်နိုင်၊ အော်လည်းမအော်နိုင်၊ လူပ်လည်းလူပ်မရလို့ ဘာမှလုပ်မရခဲ့တာပဲရှိသည်။
ရူရွယ်က ထိုကြောက်လန့်နေတဲ့ညီဖြစ်သူလို့ထင်ရတဲ့သူကို စိတ်ထဲကနေ " ဟုတ်တယ် ငါကသေသွားပြီ မင်းကိုဂုတ်ချိုးသတ်မယ် ဟားဟား"လို့တောင် လှောင်နေခဲ့သေး၏။
ရူရွယ် သူ့အနားတိုးလာတဲ့ခြေသံကိုကြားတဲ့အခါ စိတ်မလူပ်ရှားပဲမနေနိုင်ပါဘူး။
သူခုနကကြားလိုက်တယ် ဘာတဲ့ "နတ်ဆေးသမားတော်"ဆိုလားပဲ။ထိုအခိုက်မှာပဲ နွေးထွေးတဲ့လက်ချောင်းတွေသူ့လည်ပင်းထက်တင်လာတာကိုခံစားလိုက်ရတဲ့အခါ ဘယ်လိုပြောရမလဲ အဲဒီအထိတွေ့က တော်တော်လေးကို ပဟေဠိဆန်လွန်းနေသလိုပဲ။ ခဏကြာတော့ အနားကဆီကအသံထွက်လာပြီး...
"အားချောင် မကြောက်နေနဲ့တော့ သူကအသက်ရှိသေးတယ်"
ရူရွယ်:...!
ရိူးချောင်:....!
ရူရွယ်၊ရိူးချောင်: အသက်ရှိသေးတယ်!
ရူရွယ်: ဘယ်သူကလဲ၊ ဘယ်သူကအသက်ရှိတာလဲ။ သူကသေချာပေါက်သေခဲ့ပြီးသားပါ။
"အာ...မသေသေးဘူးလား"
ရူချောင်က မေးလိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်နဲ့အနားတိုးသွားလိုက်သည်။
ရိူးယွမ်က ခေါင်းငြိမ့်ပေမယ့် သူကဒဏ်ရာအပြည့်ဖြစ်နေတဲ့ခန္တာကိုယ်ကို ကြည့်နေပြီး...
"ဒါပေမယ့် သူ့ခန္ဓာကိုယ်ကဒဏ်ရာတွေကများလွန်းတယ် "
ရိူးယွမ်က ဓားဒဏ်ရာတချို့ကိုသေချာစစ်ဆေးနေပြီး...
"ကြည့်ရတာ အဆိပ်သုတ်လိမ်းထားတဲ့လက်နက်နဲ့ထိခိုက်ခဲ့တာဖြစ်မယ် သူမသေသေးတာအံဖွယ်ရာပဲ သူက မသေခင်ငါတို့နဲ့တွေ့ခဲ့တယ်ဆိုရင်တောင် တကယ်ပဲမျှော်လင့်ချက်မရှိတော့ဘူး"
နောက် ရိူးယွမ်ကပဲဆက်ပြောလာသည်။
" ကြည့်ရတာ.. အဲတာကိုသုံးရုံအပြင်မရှိတော့ဘူးထင်တယ်"
YOU ARE READING
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး