part 42

469 62 0
                                    

သို့နှင့် ရှုရွယ်၏လန်ဟွားသို့ခရီးသည် သုံးရက်ခန့်နောက်ဆုတ်သွားခဲ့သည်။

ထိုနေ့က ရှိုးယွမ်မှာ ရှုရွယ်အခန်း၌အချိန်တစ်ခုထိနေခဲ့ပြီး စကားများစွာပြောခဲ့ပြီး အတိကျကိုပင် ရှုရွယ်မမှတ်မိတော့ပါချေ။ ထိုအချိန်တုန်းက ရှုရွယ်အနေနှင့် ရှိုးယွမ်လည်း ရှိုးချောင်နှင့်ဘာကွာလို့တုန်းဟူ၍ပင် အတွေးဝင်ခဲ့မိသည်။

ရှိုးယွမ် ပြန်သွားပြီး သိပ်မကြာခင်မှာတော့ ရှိူးလျှန်းရန်က ကြေနပ်အားရစွာဖြင့် ရှိုးအိမ်တော်အားကိစ္စတစ်ရပ်ထုတ်ပြန်ခဲ့သည်။ ရှိုးအိမ်တော်သည် လန်ဟွားနန်းတော်သို့အဝယ်တော်သွားမည်။ ထိုခရီးစဥ်တွင်လည်း ရှိုးယွမ်က ဦးဆောင်မည်ဟူ၍။

ထိုကြေငြာချက်က ရှိုးအိမ်တော်ကလူများအားလှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့သည်။ ဘာလို့ဆို မကြာသေးခင်ကပင် ရှိုးအဖေနှင့်ရှိုးသားတော်မောင်တို့ စကားများကျပြီး ရှိုးသားတော်မောင်က ဒဏ်ရာရအောင်ပါအရိုက်ခံလိုက်ရကြောင်း ကြားထားကျလိုပင်။ ဘာကြောင့်ချက်ခြင်း ရှိုးယွမ်ကသဘောထားပြောင်းသွားရတာလဲ။

ဒါက သူတို့တွေအတွက်တော့ ရက်အတော်ကြာထိ ဆွေးနွေးစရာကိစ္စဖြစ်နေတော့မည်မှာ မလွဲတော့ပါချေ။

တချို့ကတော့တိုးတိုးတိတ်တိတ် ပြောကျသည်။ ရှိုးသခင်ကြီးက သားဖြစ်သူကိုအတင်းကျပ်ဖိအားပေး၍ ရှိုးယွမ်ကလက်ခံလိုက်ရတာဖြစ်မည်ဟူ၍။ ဒါက တကယ်လည်းဖြစ်နိုင်သည်ဟု အများကတွေးတောကျသည်။ သို့သော် သူတို့တကယ်သိချင်နေသည်က သပ်သပ်ရှိသေး၏။

ဆိုတော့ ရှိုးယွမ်က နန်းတော်သခင်မနဲ့ရွှေလက်တွဲတော့မည်လား။

နန်းတော်သခင်မက သူမကမ်းလှမ်းချက်အား ထပ်မံအဆိုပြုလာတာကို သူတို့သဲ့သဲ့ကြားခဲ့ပြီးဖြစ်၏။ သူမက ရှိုးအိမ်တော်ကိုလန်ဟွားနှင့်အဆက်သွယ်ပြန်လုပ်စေချင်သည်မှာ သိသာလှသည်။ ရှိုးသခင်ကြီးနှင့်သခင်မကလည်း ထိုသို့ဖြစ်စေချင်လို့ ရှိုးယွမ်နှင့်တောင်စကားများခဲ့ကျတာဖြစ်ပြီး သူတို့က ရှိုးယွမ်ကို နန်းတော်သခင်မနဲ့လက်ဆက်စေလိုကာ အတင်းဖိအားပေးတာမျိုးမဟုတ်သော်လည်း ထပ်၍ အဆက်သွယ်ပြန်ရှိစေချင်ကျသည်။ ထိုကတဆင့် သူတို့ချင်း ပြေလည်သွားတာမျိုးဖြစ်စေချင်သည်မှာ ဘယ်သူမဆိုမြင်နိုင်လောက်၏။ အထူးသဖြင့် ရှိုးယွမ်၏သဘောထားပေါ့လေ။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now