ရိူးညီအကိုတွေရဲ့နေရပ်မြို့ဖြစ်တဲ့ အလယ်ပိုင်းက လုံဟော်ကိုရောက်တဲ့အခါ ရိူးညီအကိုကပြန်ပြီးတတ်တတ်ကြွကြွဖြစ်လာကျသည်။
ရူရွယ်အနေနဲ့ကတော့ သူကအစထဲကဘာမှလုပ်ရတဲ့သူလည်းမဟုတ်။ တောထဲကထွက်လာတဲ့လမ်းမှာလည်းသူက သူများကျောပေါ်လိုက်စီးလာပြီး နောက်လည်း လှည်းပေါ်ပဲထိုင်လိုက်ရတာဖြစ်လို့ အနည်းငယ်ခရီးပန်းရုံကလွဲပြီးဘာမှမဖြစ်ပေ။ သူက လမ်းတစ်လျောက်လုံး ရှေ့ဆက်ဘာလုပ်ရေးအတွက်သာစဥ်းစားနေခဲ့တာဖြစ်သည်။
အစကတော့ရိူးအိမ်တော်က မြို့လည်ခေါင်ကလူချမ်းသာတွေနေတဲ့နေရာမှာရှိလောက်တယ်ဆိုပြီး ရူရွယ်တွေးထားတာပေမယ့်လည်း တကယ်တမ်းမှာတော့ မြို့နဲ့အနည်းငယ်လေးလှမ်းတဲ့နေရာမှာတည်ရှိနေတာဖြစ်သည်။
ငှားလာတဲ့မြင်းလှည်းက အိမ်ရှေ့မှာရပ်သွားပြီး ရိူးယွမ်ကရူရွယ်ကိုဆင်းရန်ကူတွဲပေးသည်။ အိမ်တော်ထဲဝင်လာသည်နှင့် ရူရွယ်အံသြသင့်သွားရတော့သည်။ သူကောင်းကောင်းမအံသြနိုင်ခင်မှာတင် ဟိုဒီကူးလူးနေတဲ့လူတွေက သူတို့ကိုမြင်သွားပြီး အနားပြုံလာကျတော့၏။
သူတို့က ကျိန်းသေပေါက် ရိူးယွမ်နဲ့ရိူးချောင်ကိုလာကြိုကျခြင်းပင်။"သခင်လေးယွမ် သခင်လေးချောင်
သခင်လေးတို့နောက်ဆုံးတော့ပြန်လာကျပြီပဲ""သခင်လေးတို့ပြန်လာကျပြီလား
ကောင်းတယ်ကောင်းတယ် ဒါမှ သခင်ကြီးကိုနေ့တိုင်းသွေးကျဆေးမပေးရတော့မှာ""အိုက်ယား သခင်လေးတို့ ဒီလောက်ရက်တွေအကြာကြီး ဘာတွေများလုပ်နေကျတာလဲ သခင်ကြီးနဲ့သခင်မကြီးက လူပျောက်ကြေငြာစာရွက်တွေကပ်ပြီးတောင် ရှာကျတော့မလို့ တိုင်ပင်နေကျတာဗျာ"
"သခင်လေးတို့ ဒီလောက်အကြာကြီးဘာလုပ်နေကျတာလဲ ကျွန်တော်တို့အဖွဲ့ပြန်ရောက်တာတောင် ကြာနေပြီ "
"သခင်လေးယွမ်ရယ် သခင်လေးကတော့တကယ့်လူပါပဲဗျာ အဖွဲ့ကိုဘာမှမပြောပဲ "မင်းတို့အရင်ပြန်နှင့်"ဆိုတဲ့စာလေးပဲချန်ပြီး ခွဲထွက်သွားရက်တယ် သခင်ကြီးကကျုပ်ကိုအကြာကြီးဆူပါလေရော"
YOU ARE READING
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး