part 40

596 90 12
                                    


ရှိုးယွမ်တစ်ယောက် သူ့အဖေနှင့်စကားစစ်ပွဲသည် အနိုင်အရှုံးမပေါ်ပဲပြီးသွားခဲ့၏။ သူ သူ့အဆောင်သူပြန်လာခဲ့ပြီး ရှိုးချောင်ပါကပ်ပါလာကာ နဖူးကဒဏ်ရာအားဆေးထည့်ပေးနေခဲ့သည်။

"တောင်းပန်ပါတယ် ကျွန်တော်သာနည်းနည်းအသုံးကျရင် အကို့ကိုအကူညီဖြစ်မှာ"

ရှိုးချောင်မှာ တကယ်စိတ်မကောင်းဖြစ်နေသဖြင့်ပြောလိုက်မိသည်။ ရှိုးယွမ်ကတော့ သူ့ကိုကြည့်ပင်မလာပဲ ပုံမှန်ဖြစ်လွန်းသောအသံနှင့်ပြောလာ၏။

"တောင်းပန်တာကဘာအသုံးဝင်မှာလဲ ဆေးပညာသာ အာရုံစိုက်ပြီးသင်ယူစမ်းပါ "

"သြော့...ဒါနဲ့အကို လန်ဟွားနန်းတော်ကိုသွားမှာလား"

ဒီတစ်ခါတော့ ရှိုးယွမ်က ရှိုးချောင်အားကြည့်လာခဲ့ချေပြီ။ အကြည့်များတွင် ခက်ထန်မှုမပါသော်လည်း အဓိပ္ပါယ်ကတော့အပြည့်နှင့်ဖြစ်ပြီး စပ်စုချင်ရှာသော ရှိုးချောင်မှာဇာက်လေးပင်ပုဝင်သွားလေသည်။ သူက ထပ်မပြောမိအောင် သူ့ပါးစပ်သူ လက်နှင့်ပိတ်ကာထားလိုက်မိ၏။

ထိုစဥ်မှာပင် အခန်းပြင်ကတံခါးခေါက်သံထွက်ပေါ်လာပြီး တဆက်ထဲမှာပဲ ရှုရွယ်၏အလျှင်လိုနေသောအသံက ကပ်ပါလာခဲ့သည်။

"ရှိုးယွမ်! ခင်ဗျားအထဲမှာရှိလား"

ရှိုးချောင်မှာ အပြင်ကလူကရှုရွယ်မှန်းသိသော် မျက်မှောင်ကျုံ့သွားမိပါ၏။ သူက သူ့အကိုကိုကြည့်လိုက်ပြီး မေးလိုက်သည်။

"သူက ဘာလို့မင်းဆီလာတာလဲ "

ရှိုးယွမ်မှာ ဒီမေးခွန်းကိုသူလည်းမေးချင်နေခဲ့တာဖြစ်၏။ အခုဆို ရှုရွယ်က ရှိုးအိမ်တော်သို့ရောက်တာ အချိန်တစ်ခုထိရှိပြီးသွားသော်လည်း သူ့အခန်းရှေ့ရောက်လာသည်ကတော့ ပထမဆုံးပင်။ သူတို့တွေ နေ့တိုင်း ဆေးဥယျာဥ်မှာတွေ့နေတာပဲမဟုတ်ဘူးလား။ စဥ်းစားကြည့်ရင် ဒီနေ့တွေ့ခဲ့တာတောင်သပ်မကြာသေးခင်ကလေ။ ဘယ်လိုလုပ်ပြီး သူ့အခန်းရှေ့ထိလာရှာရတာလဲ။ အရေးကြီးကိစ္စတစ်ခုခုရှိလို့များလား။
ရှိူးယွမ်မှာ စဥ်းစားမတတ်စွာပင် တံခါးနားသို့သွားလိုက်တော့သည်။ ထို့နောက် တံခါးကိုဖွင့်လိုက်ပြီး...

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now