သေစမ်း! ဒီလူကအကုန်ကြားသွားတဲ့ပုံပဲ။ရှုရွယ်မှာ စိတ်ကုန်စွာနှင်သက်ပျင်းချလိုက်မိတော့သည်။ ထို့နောက် သူသယ်ရန်ပြင်ထားသည့်ခုံပေါ်သို့စိတ်ပျက်လက်ပျက်ထိုင်ချလိုက်ပြီး...
"တမင်ဖုံးကွယ်ထားတာမဟုတ်ပါဘူး"
ရှုရွယ်က တကယ်ကြီးတမင်ဖုံးကွယ်ထားတာမဟုတ်ဘူး။ ဟိုရူးနေတဲ့ ရှန်ကျင်းလုံကလွဲရင်သူ့ကိုသားရဲမျိုးနွယ်လို့ထင်တဲ့လူက တစ်ယောက်မှမရှိဘူးလေ။ ပြီးတော့ အခုရှုရွယ်ကလူသား သာသာပဲ လူသားတစ်ယောက်နဲ့ဘာများကွဲခြားနေလို့လဲ။
ရှိုးယွမ်ကတော့ဘာမှပြောမလာချေ။ သူသည်လည်း ထိုင်ခုံတစ်လုံးဆွဲယူလိုက်ပြီး ထိုင်လိုက်သည်။ ရှုရွယ်ဘာပြောပြောနားထောင်မည်ဆိုသည့်အချိုးပင်။
ရှုရွယ်မှာတစ်နေ့လုံးလည်းတောထဲမှာအချိန်ကုန်ခဲ့ရသည်ဖြစ်လို့ ယခုလိုစိတ်အနှောင့်ယှက်နှင့်ကြုံလိုက်ရတဲ့အခါ အနည်းငယ်ပင်ပန်းလာသလိုပင်။ သူ သူ့နားထင်များကိုနိပ်နယ်လိုက်ရင်း...
"ကျွန်တော်ကအခုလူသားသာသာပဲ ဘာစွမ်းအင်မှမရှိတော့ဘူး "
ရှိုးယွမ်:" မင်းပျောက်သွားတဲ့အရာက စွမ်းအင်အမြုတေလား"
ရှုရွယ် စိတ်မပါစွာခေါင်းငြိမ့်လိုက်၏။ သူရှန်ကျင်းလုံကိုအသေးစိတ်ပြောမပြချင်။ တခြားသူများကိုလည်းပြောပြချင်မည်မဟုတ်။ သို့သော် ရှိုးယွမ်ကတော့ကွာခြားသည်။ သူ ရှိုးယွမ်ကိုပြောပြလိုက်လည်း ဘာမကောင်းတာမှဖြစ်လာမှာမဟုတ်ဘူးဟု ယုံကြည်နေ၏။
"ကျွန်တော် သူ့ကိုခဏငှားပေးလိုက်တာ ဒါပေမယ့် သူကတော့ကျွန်တော့်ကိုလုပ်ကြံရေးသမားတွေလွှတ်ပြီးသတ်ခိုင်းခဲ့တယ် သူလို့အတပ်မပြောနိုင်ပေမယ့် သူ့ကိုပဲသံသယဝင်စရာရှိတယ်"
ယခုအချိန်တွင် ရှုရွယ်ကဒီခန္ဓာကိုယ်နှင့်အတော်အသင့်အသားကျနေသလို ဒီခန္ဓာကိုယ်၏ မှတ်ညာဏ်များနှင့်လည်းအသားကျနေခဲ့ပြီဖြစ်သည်။ ဒီခန္တာကိုယ်ပိုင်ရှင်၏နောက်ကြောင်းများကို ပြန်ပြောရာတွင် သူ့အကြောင်းသူသာ ပြန်ပြောနေသလိုခံစားရ၏။ ထို့ကြာင့်လည်း သူ မုရုန်ချိုးကို ဒေါသထွက်နေမိသည်။
VOCÊ ESTÁ LENDO
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး