part 8

1.1K 157 0
                                    


မှန်!

ရိူးယွမ်ရော ရိူးချောင်ပါခဏလောက်တိတ်ဆိတ်သွားကျသည်။ ပြီးနောက် ရိူးချောင်က ရူရွယ်ကိုကြည့်လာပြီး...

"လာနောက်နေတာလား တောထဲမှာလမ်းပျောက်နေတဲ့ခရီးသွားယောက်ျားနှစ်ယောက်မှာ မှန်ပါလိမ့်မယ်ထင်တယ်ပေါ့!"

ရိူးချောင်ရဲ့ဘုတောတောအပြောကြောင့် ရူရွယ်လည်း ထိုစကားကအကျိုးကြောင်းသင့်ကြောင်းတွေးမိသွားသည်။

"ဒါ ဒါဆို ကြည့်လို့ရမယ့်ဟာတစ်ခုခု.."

ရိူးချောင်က ထိုစကားကြောင့်အော်တော့မလို့ပဲ။ ဒါပေမယ့်ရိူးယွမ်ကအကြည့်နဲ့လှမ်းတားတာကြောင့် အသံမထွက်လာနိုင်ခင်ရပ်တန့်သွားရရှာသည်။ အတော်ကြာမှ အောင့်သက်သက်နှင့်...

"မရှိဘူး.."

ရိူးယွမ်ကလည်းပြောလာသည်။

"မျက်နှာပေါ်ကဒဏ်ရာတွေကြောင့်တော့မစိုးရိမ်ပါနဲ့ အချိန်လိုပေမယ့်လည်းပျောက်သွားမှာပါ"

ထိုတော့မှရူရွယ်သိလိုက်တာ သူတို့ညီကိုက သူမျက်နှာပေါ်ကဒဏ်ရာတွေကိုကြည့်ချင်နေတာလို့ထင်နေကျတာပဲ။ တကယ်က ရူရွယ်ကသူ့ရုပ်ရည်သူအတည်ပြုချင်ရုံလေးတင်။
ဒါပေမယ့်လည်း အခွင့်ရေးမရှိဘူးဆိုမှတော့ မတတ်နိုင်ဘူးလေ။

အချိန်ကညဘက်ရောက်လာပြီးတော့ ရိူးယွမ်က ရူရွယ်အဝတ်တွေကိုကြည့်ပြီး တစ်ခုခုစဥ်းစားနေပုံပင်။ ရူရွယ်ရဲ့အဝတ်တွေက နေရာတော်တော်များသွေးစွန်းနေပြီး တချို့နေရာတွေက စုတ်ပြဲနေတာကြောင့် တော်တော်လေးကိုမြင်မကောင်းရူမကောင်းပုံပေါ်လို့နေသည်။

နောက်တော့ ရိူးယွမ်ကပဲ ဝတ်စုံတစ်စုံထုတ်ပြီး ရူရွယ်ကိုလဲပေးလာ၏။ သူကအဝတ်စိုဖြင့်သွေးခြောက်တချို့ကိုလည်းသန့်ရှင်းပေးသွားသည်။ ရိူးချောင်ကတော့ သေချာပေါက်ဒါကိုကြည့်ပြီး သူ့အကိုကို အံတကြိတ်ကြိတ်နဲ့တဖွဖွပြောနေတော့တာပေါ့။

သူတို့တွေချောက်ထဲမှာ နောက်ထပ်သုံးရက်ဆက်နေပြီး လေးရက်မြောက်နေ့မှာအပေါ်တတ်ဖို့ပြင်ကျတော့သည်။ ဒီကြားထဲမှာ ရိူးယွမ်နဲ့ ရိူးချောင်က ထပ်တလဲလဲ အပေါ်တတ်သွားကျပြီး အဓိအားဖြင့်ရေသွားယူခြင်းသာဖြစ်ပေမယ့် ရိူးချောင်ကတော့ အမြဲပြန်လာလျှင် ရစ်ငှက်လေးလိုလို၊ တောယုန်လေးလိုလို ပါလာတတ်သည်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးحيث تعيش القصص. اكتشف الآن