part 7

1K 160 2
                                    


ရူရွယ်အနေနဲ့ မျက်လုံးပြန်မဖွင့်နိုင်ခင်ထိသူ့ကိုယ်သူအသက်ရှင်နေတယ်ဆိုတာကိုမယုံခဲ့ပေ။ ဘာလို့ဆို သူသေခဲ့တာကိုရှင်းရှင်းလင်းလင်းကြီးကိုခံစားခဲ့ရလို့လို့ ပြောရမည်ပင်။

ဒါကိုဘယ်လိုဖော်ပြချက်နဲ့မှပြောမပြနိုင်ပေမယ့် သေခါနီးလူတစ်ယောက်ကသူ့သေကိုယ်သူသေတော့မယ်လို့သိနေတာနဲ့တော့ ​အလားသဏ္ဍာန်တူတယ်ထင်ရလောက်သည်။ သေသွားပြီးတဲ့လူတစ်ယောက်ကလည်း သူသေသွားတာကိုလုံးဝရှင်းရှင်းလင်းလင်းသိနေတာ ဖြစ်သင့်သည်လေ။

အဲဒီအချိန်ကိုရူရွယ်မှတ်မိပါသေးရဲ့ နာကျင်မူ၊ဆာလောင်မူနဲ့ သူရှင်းရှင်းလင်းလင်းကြီးခံစားနေခဲ့ရတွေအမုန်းတရားတွေ။

အာ...ရန်းဟွေမြို့။
ရူရွယ်ဘယ်လိုလုပ် အဲဒီမြို့ကိုမေ့မှာလဲ။

သို့ပေမယ့်လည်း ရူရွယ်အဲဒီ ညီအကိုနှစ်ယောက်ထဲက အငယ်ဖြစ်လောက်မယ့်သူကိုကြည့်နေရင်း မစဥ်းတတ်လည်းဖြစ်နေရပြန်သည်။ သူကဘာလို့ ပြန်ရှင်လာရတာလဲ။
ရူရွယ်ဘဝက ရှင်နေတာထင်စာရင် သေတာမှပိုကောင်းမယ့်ဘဝမျိုးလေ။မသကာ သူ့ရဲ့နောက်ဘဝက ပိုကောင်းရင်ကောင်းနေမှာပေါ့။ ဒီဘဝကြီးနဲ့ပြန်ရှင်လာလည်း သူကသူတောင်းစားပဲဆက်ဖြစ်နေဦးမှာလေ။ သူ ဒီညီအကိုတွေကိုကျေးဇူးတင်ရမှာလား "ကျေးဇူးပြုပြီး ပြန်သတ်ပေးပါ"လို့ပြောရမှာလား မသိတော့ဘူး။

သူတို့ကဘာလို့ သေတော့မယ့်လူကို
သူတို့စိတ်တိုင်းကျကယ်ရတာလဲ။ အဲဒီလူကအသက်ရှင်ချင်လား၊မရှင်ချင်ဘူးလား မသိပဲနဲ့များ။ အသက်ရှင်အောင် ကယ်ပြီးတော့ရော သူတို့ထမင်းကျွေးထားမှာမလို့လား။

သူတွေးနေတုန်း အကိုဖြစ်သူလို့ထင်ရတဲ့သူပြန်ရောက်လာခဲ့သည်။ ရူရွယ်အမြန်ပဲထိုသူ့ကိုလှမ်းကြည့်လိုက်၏။ တကယ်တော့ရူရွယ်က ညီဖြစ်သူကိုမြင်ပြီးကတည်းက အကိုဖြစ်သူရဲ့ရုပ်ရည်ကိုခန့်မှန်းကြည့်နေခဲ့တာဖြစ်သည်။ ရူရွယ်ကတစ်ထစ်ချကို အဲဒီအကိုဖြစ်သူက ညီထက်ပိုကြည့်ကောင်းမှာလို့ တွေးထားခဲ့တာလည်းဖြစ်သည်။

သို့ပေမယ့် သူ့မှန်းဆချက်ကနည်းနည်းလေးကွဲလွဲသွား၏။ သူတို့ညီအကိုနှစ်ယောက်မှာ ညီဖြစ်သူက ရုပ်ရည်ချောမောသလိုတဖန်ချစ်စရာလည်းကောင်းပြီး အကိုဖြစ်သူထက်ပိုပြီးကြည့်ကောင်းနေသည်။ ဒါဆို အကိုဖြစ်သူက ကြည့်မကောင်းဘူးလား။ ကျိန်းသေပေါက်အဲလိုတော့မဟုတ်ဘူးပေါ့။ အဲဒါက ရူရွယ်မှန်းထားတာနဲ့နည်းနည်းလွဲသွားရုံလေးတင်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now