စွင်းဟော့နှင့် ဟောချီလင်းဂိုဏ်းကအကြီးကဲများ အနေဖြင့် သားရဲနတ်ဆိုးများအကြောင်း အနှီနှစ်ယောက်အား လုံးစေ့ပတ်စေ့မေးချင်သော်လည်း ခြေကုန်လက်ပန်းကျနေသည့်အနှီနှစ်ဦးမှာတော့ သူတို့တွေ သားရဲနတ်ဆိုးတွေလက်က ထွက်ပြေးလာတာလောက်သာပြောနိုင်ကျပြီး ဟန်မဆောင်နိုင်အောင်ပင် အနားယူချင်ကြောင်းပြောလိုက်ရတော့သည်။ဟောချီလင်းဂိုဏ်းမှာလည်း မတတ်နိုင်စွာခွင့်ပြုလိုက်ရတော့၏။ ရှိုးယွမ်တို့နှစ်ဦးမှာ ရှန်းကျန်း၏ မပြင်ဆင်ရသေးသောအပျက်စီးများကြောင့် အခန်းတစ်ခန်းထဲသာယူဖို့တတ်နိုင်ကျသည်။ သို့သော်လည်း ဂရုစိုက်နေချိန်မရှိပဲ အိပ်ပျော်သွားကျတော့ကာ သူတို့တွေတစ်နေ့ခင်းလုံး အိပ်မာကျနေခဲ့ပြီး ညဘက်ရောက်မှသာ ရှေ့ဆင့်နောက်ဆင့်ပြန်နိုးလာကျတော့သည်။ ရေချိုး စားသောက်ပြီးချိန်တွင်တော့ ဟောချီလင်းဂိုဏ်းသားများ၏ စကားဝိုင်းထဲ နှစ်ယောက်လုံး ဆွဲသွင်းခံလိုက်ကာ ရှုရွယ်မှာ ရှန်ကျင်းလုံနှင့်မျက်နှာချင်းဆိုင်ခုံတွင်ထိုင်ရလေသည်။
ကျင်းလုံက ပြုံးပြသော်လည်း ရှုရွယ်မှာမမြင်ချင်ယောင်သာဆောင်ပြီး မျက်နှာလွဲလိုက်ပြီး ရှန်ကျင်းလုံ၏ဆက်ပြုံးနေစဲမျက်နှာအား မမြင်ရတော့ပေ။ယခုချိန်တွင် ဟောချီလင်းဂိုဏ်းက အကြီးကဲခုနှစ်ယောက်အနက် နှစ်ယောက်ရောက်လာတာဖြစ်ပြီး သူတို့ရှိုးယွမ်အားမေးချင်သည့်မေးခွန်းများမှာတော့ရှင်းပါသည်။ ပထမဆုံး ရှိုးယွမ်တို့အနေနှင့် သားရဲနတ်ဆိုးဘယ်လောက်မျှမြင်တွေ့ခဲ့ကြောင်း မေးလာခြင်းပင်။ ရှိုးယွမ်မှာ ကွယ်ဝှက်မထားပေ။
သူမြင်သလောက်၊သိခဲ့သလောက် ပြောပြတော့၏။"ကျွန်တော်တို့ အဲဒီရောက်သွားတုန်းက ရာဂဏန်းအထက်တော့စုပေါင်းပြီးမြင်လိုက်ရတယ် အဲဒီထက်များမယ်လို့တော့ခန့်မှန်းနိုင်တာပါပဲ"
အကြီးအကဲကျိုး:"သူတို့မှာဒဏ်ရာရနေတဲ့သူတွေများသလား ဒဏ်ရာတွေပြင်းထန်ကျသလား"
ရှိုးယွမ်:"သိပ်အများကြီးမဟုတ်ဘူး ဒဏ်ရာတွေကပြင်းထန်ပေမယ့် လှုပ်ရှားနိုင်လိမ့်ဦးမယ်လို့တော့ထင်တယ်"
VOCÊ ESTÁ LENDO
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး