ရိူးချောင် ရိူးယွမ်စိတ်တိုင်းကျခွင့်ပြုလို့မရဘူး။ သူ့အကိုသာ တကယ်အသက်ကယ်ဆေးထပ်မရတော့ဘူးဆိုရင် အကယ်၍သူ့အကိုအသက်အန္တာရယ်ကြုံလာတဲ့အချိန်ကျရင် ဘယ်လိုလုပ်မလဲ။ရိူးချောင်ချက်ခြင်းပဲ ဆေးပုလင်းဖွင့်ဖို့ပြင်နေတဲ့ ရိုးယွမ်လက်ကိုဆွဲကာတားလိုက်ပြီး...
"အကို မင်းကလေ ဘိုးဘေတွေရဲ့မျက်နှာကိုမထောက်ရင်တောင် အဖေ့မျက်နှာကိုတော့ထောက်ပါဦး အဖေမင်းကို ဆေးပုလင်းအသစ်ထပ်ပေးရတိုင်းလေ တခြားသူတွေအဖေ့ကိုဘယ်လိုအကြည့်တွေနဲ့ကြည့်ကျလဲသိလား ငါတောင် မင်းကအဖေ့ရဲ့သားငါ့ရဲ့အကိုမဟုတ်ဘူးဆိုရင် အဖေ့ကိုအပြစ်ပြောမိတော့မှာ ဒီဟာကိုတော့မသုံးပါနဲ့ကွာ ဒီလူက လူကောင်းပုံလည်းမပေါက်ပါဘူး သူသေတာငါတို့ကြောင့်မှမဟုတ်တာ ဒါက သူ့ကံတရားလေ"
ရိူးယွမ်က ရိူးချောင်စကားကြောင့် ခဏတော့တည်သွားသည်။ သူက သတိမော့မျောနေတဲ့ လူကိုလည်းတစ်ချက်ငုံ့ကြည့်ပြီး ထိုလူရဲ့ မျက်နှာထပ်ကဒဏ်ရာတွေကိုခြုံငုံကြည့်ကာ ရိူးချောင်ရဲ့ လူကောင်းပုံမရဘူးဆိုတဲ့စကားကို သုံးသပ်နေသည်။ သူ့မျက်လုံးထဲမှာတော့ ဒီလူက ဒဏ်ရာတွေကြောင့်ရုပ်နည်းနည်းပျက်နေတာကလွဲရင် ပုံမှန်ပါပဲ။ ရိူးချောင်က ဘယ်လိုမျက်လုံးနဲ့ကြည့်လို့ပြောနိုင်တာလဲ။
ရိူးယွမ်က ခဏငြိမ်သွားပေမယ့် သူကရိူးချောင်ရဲ့လက်ကိုဖယ်တွန်းလိုက်ကာ...
"အားချောင် ငါတို့အခုချက်ခြင်းသူ့ကိုဆေးရည်မပေးရင် သူအသက်ကသေချာမှာမဟုတ်တော့ဘူး လူ့အသက်တစ်ချောင်းက ကယ်ကောင်းပါတယ် ငါတို့ကသမားတော်မျိုးဆက်တွေပဲလေ"
ပြောပြီး ရိူးယွမ်က ချက်ခြင်းကိုဆေးပုလင်းဖွင့်ပြီး ထိုလူရဲ့ပါးစပ်ထဲလောင်းချလိုက်တော့သည်။ ရိူးချောင်ပါးစပ်က အော်ဟစ်တားစီးဖို့ပွင့်လာခဲ့ပေမယ့် သူအသံမထွက်နိုင်ခင်မှာတင် ရိူးယွမ်က ထိုလူ့ပါးစပ်ထဲဆေးရည်တွေလောင်းချပြီးသွားပြီ။
ပြီးတော့မှ ရိူးယွမ်က...
"အားချောင် မင်းပြောတာကိုငါနားလည်ပါတယ် ဒီကိစ္စအဖေ့ကိုမပြောပါနဲ့ဟုတ်ပြီလား
ငါထပ်ပြီးဆေးပုလင်းမယူတော့ပါဘူး ငါထပ်ရရင်လည်း ဒီလိုထပ်သုံးမိနေဦးမှာပဲ ငါ့ကိုယ်ငါတောင် တားနိုင်မှာမဟုတ်ဘူး ငါ့ထိုက်နဲ့ငါ့ကံလို့မှတ်ပြီး မင်းဒီတိုင်းပဲရပ်ကြည့်နေလိုက်ပါ"
VOCÊ ESTÁ LENDO
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး