ကျန်နေခဲ့သည့် ရှန်းကျန်းမြို့မှာဆိုလျှင်တော့ ထိုနေ့ညက သားရဲနတ်ဆိုးများ၏လုပ်ရပ်သည် စွင်းဟော့၏ မျက်နှာအားဖြတ်ရိုက်လိုက်သည်နှင့်ဆင်တူသည်။
သားရဲများထွက်သွားသည်နှင့် ချန်စန်းနှင့်လုဝိန်သည် စွင်းဟေ့ာဆီသို့ပြေးသွားခဲ့ကျသည်။ ထိုညက သားရဲနတ်ဆိုးများထွက်သွားပြီးမှ ရှန်းကျန်းမြို့သည် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။ သို့သော် သူတို့ ရှိုးယွမ်တို့အား မြို့ထဲအနှံ့လိုက်ရှာပါသော်လည်းမတွေ့ခဲ့ပေ။ အလောင်းမတွေ့တာရော လူကိုအမည်တပ်လာဖမ်းသည့်ရောခြုံကြည့်ပါက ဤသားရဲနတ်ဆိုးတွေသည် လို၍လာခေါ်သွားတာသိသာသည်။သို့သော် စွင်းဟော့မှာတော့ ထိုသတင်းကြောင့် ထိုင်ခုံပေါ် အရုပ်ကြိုးပျက်ပြုတ်ကျသွားရှာသည်။
တောင်းပိုင်းကနေရှန်းကျန်းကိုလာတဲ့လမ်းတစ်လျောက်လုံးမှာတောင် စောင့်ရှောက်ပေးတဲ့သူမပါပဲ သူတို့ခြေထောက်သူတို့ ရှန်းကျန်ူမြို့ထဲထိရောက်လာပြီးမှ၊ စွင်းဟော့ကာကွယ်မှူအောက်ရောက်နေခဲ့ပြီးမှ အဖမ်းခံလိုက်ရသည်တဲ့။
မောင်မင်းကြီးသား နတ်ဆိုးသားရဲတို့ရယ်
ဒီစွင်းဟော့က အထက်ကအကြီးကဲတွေကိုလည်းလျောက်တင်စရာစကားလုံးမရှိ၊မျက်နှာပြစရာမရှိတော့လို့ ဒီစွင်းဟော့ရဲ့မျက်နှာကိုလည်း တစ်ခေါက်ပြန်လောက်ပြီး ရှစ်စိတ်လောက်ဓားနဲ့မွန်းပေးပါဦး။စွင်းဟော့ရင်ထဲ၌ အသံတိတ်မျက်ရည်ကျမိနေတော့သည်။ ဘာလို့လဲ ဘာလို့လဲ။ မင်းတို့အဲလို သမားတော်ကိုအေးအေးဆေးဆေးခေါ်ထုတ်သွားတာကြီးက လတ်တလော ခေါင်းဆောင်နေရာတာဝန်ယူထားတဲ့ငါ့ကို မျက်နှာဖြတ်ရိုက်တာမဟုတ်ဘူးလား။ အဲဒီအစား ဘာလို့ယှဥ်မတိုက်တာလဲ။ ဒီစွင်းဟော့ အဲလိုသိက္ခာအချခံရတာထက် သူသေကိုယ်သေယှဥ်တိုက်ရင်းပဲ သေလိုက်ချင်တဲ့လူစားမျိုးကွ။
ရှန်ကျင်းလုံသည့် စွင်းဟော့မျက်နှာအမူယာအားဖတ်တတ်သဖြင့်နှစ်သိမ့်လိုက်သည်။
"ဒီကိစ္စကအကိုကြီးအပြစ်မဟုတ်ပါဘူး အဲဒီသားရဲနတ်ဆိုးတွေကသိပ်ရဲတင်းလွန်းတယ် ကျွန်တော်တို့အလစ်ငိုက်မို့ခံလိုက်ရတာပါ ကျင်းလုံ ဂိုဏ်းသားတချို့ခေါ်ပြီး မြို့အပြင်မှာလိုက်ရှာပါရစေ"
VOCÊ ESTÁ LENDO
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး