part 23

549 92 4
                                    


ရှုရွယ်ကတော့ ထိုစကားကြောင့် ထအော်တော့တာပဲ။

"ရှိုးယွမ်! ခင်ဗျားရူးသွားပြီလား!!"

ကြည့်ရတာ သူစိတ်လွတ်သွားပုံလည်းရသည်။ ရှုရွယ်အနေနဲ့ သားရဲနတ်ဆိုးတွေက သူ့ကိုဘယ်လိုပြောပါစေဦး၊ ဒါမှမဟုတ် တကယ်သတ်လိုက်ပါစေဦး သူဒီလောက် စိတ်ပျက်တာရော၊ဒေါသထွက်ရောကို ရောပြီးခံစားရမှာမဟုတ်ဘူး။ ဒါပေမယ့် ရှိုးယွမ်! ရှိုးယွမ်ပါးစပ်ကနေ သူ့ကို သတ်လိုက်တော့လို့ထွက်လာတယ်။ တကယ်ကြီးပြောထွက်လာတယ်။ ကြည့်ရတာ ရှိူးယွမ်တစ်ယောက်နတ်သားရဲနတ်ဆိုးတွေကိုကြောက်လွန်းလိ​ု့ရူးသွားတာပဲဖြစ်ရမယ်။ ဒါမှမဟုတ်လည်း အဲဒီရှိုးယွမ်က အရင်ကစိတ်မမှန်ခဲ့တာဖြစ်မှာပေါ့။

ရှိုးယွမ်ကတော့ ရှုရွယ်အော်သံကြားမှ သူ့စကားသူပြန်ဆင်ခြင်နိုင်တော့တယ်။ သူဘာလို့အဲလိုပြောလိုက်ရတာလဲ။

အသိဝင်လာတဲ့တစ်ခဏမှာပဲ ရှိုးယွမ်လုံးဝနုတ်ဆိတ်သွားရှာ၏။ သူခုချိန်မှာ ရှုရွယ်ကိုစကားပြန်ပြောဖို့ သတ္တိမရှိသေးပေ။

တကယ်တော့ ရှိုးယွမ်စကားက သားရဲနတ်ဆိုးတွေကိုပါခဏမျှကြောင်အသွားစေ၏။ ဒီလူက ခုနလေးမှ ဒီကောင်လေးကိုမသတ်ဖို့ အတင်းငြင်းဆန်နေခဲ့တာမဟုတ်ဘူးလား။ အိမ်း! လူသားတွေရဲ့ဦးနှောက်ထဲကအတွေးခေါ်တွေကတကယ်မှန်းရခက်လွန်းတယ်။ သူတို့သားရဲတွေလို ဘွင်းဘွင်းရှင်းရှင်းမရှိဘူး။ ဆိုးလွန်းတယ်။ သိပ်ဆိုးတယ်။

သားရဲနတ်ဆိုးတွေက ဘာမှပြန်​ပြောမလာပေမယ့် ရှိုးယွမ်ရဲ့နောက်ဆုံးစကားကိုပယ်ချလိုက်တယ်ဆိုတာအသိသာကြီးပင်။ သူတို့တွေမှာအချိန်မရှိတာမို့ ခပ်ကြောင်ကြောင်နတ်ဆေးသမားတော်နှင့်ငြင်းဆန်မနေချင်တော့တာလည်းပါသည်။

ရှန်းကျန်းကတိုက်ပွဲမှာ တစ်မြို့လုံးကိုသုတ်သင်ပြစ်ဖို့ရည်ရွယ်ထားပေမယ့် အဲဒီဟောချီလင်းဂိုဏ်းက အဆော့မက်တဲ့ကလေးတသိုက်က သူတို့ကိုအထက်ကလွတ်တဲ့လမ်းကမသွားပဲ ဝေ့ဝိုက်ပြီး တောင်ပိုင်းကိုအချိန်ကိုက်ရောက်လိမ့်မည်ဟု သူတို့လည်းမထင်ခဲ့ကျပေ။ အဲဒီ ဂိုဏ်းသားတွေက သူတို့ကိုရုတ်တရက်ကြီးဝင်တိုက်ခိုက်ခဲ့တဲ့အပြင် ဂိုဏ်းကိုလည်းမမေ့မလျော့သတင်းပို့ခဲ့ကျသည်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWo Geschichten leben. Entdecke jetzt