မှတ်ညာဏ်ပုံရိပ်တွေက ဒီလောက်နဲ့ပြီးသွားပါပြီ။ အပင်မိစ္ဆာမျိုးနွယ်က ရူရွယ်ဆိုသူရဲ့ဘဝကို သူတောင်းစားလေးရူရွယ်က အတော်ကြာတဲ့အထိ ပြန်သုံးသပ်နေပြီး နောက်ဆုံးမှာတော့ သူက"ညံ့လိုက်တဲ့ကောင်"လို့သတ်မှတ်လိုက်တော့သည်။စဥ်းစားကြည့်လေ သူဆိုတဲ့ရူရွယ်က လူသားမျိူးနွယ်က သူတောင်းစားလေးဖြစ်တာတောင် သူ့ကိုအနိုင်ကျင့်တဲ့သူတွေအပေါ် တစ်နည်းနည်းနဲ့ ပြန်တုန့်ပြန်ဖို့ကြိုးစားခဲ့သေးတယ်။ ဒီရူရွယ်ကရော!
တစ်လောကလုံးမှာ သူတစ်ယောက်ထဲကံမကောင်းတယ်များမှတ်နေလားမသိဘူး။ ဘာမဆိုထုံထုံအအနဲ့ ခေါင်းငုံ့ခံဖို့ပဲတတ်တယ်။ သူ သူတောင်းစားရူရွယ်မှာသာလေ အဲဒီရူရွယ်လို စွမ်းအားတွေရှိကြည့်စမ်းပါလား။
အဲဒီပင်လယ်နဂါးမျိုးနွယ်တွေကိုလည်း အေးအေးဆေးဆေးမနေရအောင်လုပ်ပြီး အဲဒီအပင်မိစ္ဆာမျိုးနွယ်တွေကိုလည်း မော်တောင်မကြည့်ရဲအောင်လုပ်ပြစ်မှာ။အခုတော့ ကိုယ့်စွမ်းအားကိုအသုံးမချတော့ သူများကအမြတ်ထုတ်သွားရော။ ဘာမှပြန်မရတဲ့အပြင် သေတောင်သေသွားလိုက်သေးတယ်တဲ့။ ဘာမှသနားစရာမကောင်းဘူး။ အဲဒီပုံစံနဲ့အသက်ရှင်နေမှသာ ရှက်စရာကောင်းနေမှာ။
ရူရွယ်ကတော်တော်လေးဒေါသထွက်နေပြီးမှ လက်ရှိအခြေနေကိုသံသယဝင်ဖို့သတိဝင်လာတော့၏။
နေပါဦး! ဒါက သူ့ဘာသာမတရားခံရတာပဲဖြစ်ဖြစ် သူ့ဘဝပဲလေ။ ငါနဲ့ဘာဆိုင်လို့ဒါတွေလာမြင်နေရတာလဲ။
အယ်!...
ငါလည်းသေပြီ၊ သူလည်းသေပြီ။
ဒါပေမယ့် ဒီမှတ်ညာဏ်တွေနဲ့ငါက ဘယ်လိုဖြစ်တာလဲ။တကယ်တမ်းရူရွယ်က ဘယ်လိုပဲပြောပြော သူသေတဲ့အချိန်မှာ ဆယ်နှစ်သားလေးပဲရှိနေသေးတာလေ။ သူ့ဦးနှောက်က ချက်ခြင်းအဖြစ်မှန်ကိုမသုံးသပ်နိုင်သေးဘူး။ ပြီးတော့အခုသူက သူ့ခန္တာကိုယ်ကို တစ်စက်မှမလူပ်နိုင်တဲ့အပြင် မျက်လုံးတောင်မဖွင့်နိုင်တဲ့အခြေနေဆိုတော့ သူဘယ်မှာလဲတောင် အတည်မပြုနိုင်သေးဘူး။
ငရဲမှာများလားလို့ အတွေးများနေတုန်းမှာပဲ
ပြန်နိုးလာချိန်ရဲ့ပထမဆုံးအနေနဲ့ အသံတချို့ကြားလိုက်ရတော့သည်။
![](https://img.wattpad.com/cover/301755412-288-k458536.jpg)
YOU ARE READING
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး