part 32

475 86 2
                                    


ရှရွယ် ဆေးဥယျာဥ်ကနေ ဆေးပုလင်းများအား တွန်းလှည်းနှင့်သယ်၍ ဂိုဒေါင်ဆီသွားပို့တုန်းတွင် ရှိုးယွမ်နှင့်ဆုံလေသည်။ ရှိုးယွမ်က ဂိုဒေါင်ထဲက ဆေးတချို့ကိုရွေးနေဟန်ရှိပြီး ရှုရွယ်အားပြုံးပြလာ၏။ ရှုရွယ်မှာ ဝတ်ကျေတန်းကျေပင် ပြန်ပြုံးမပြခဲ့ပေ။ သူက အသိမှတ်ပြုသည့်သဘောနှင့်ခေါင်းသာတစ်ချက်ငြိမ့်ပြလိုက်သည်။

ရှိုးယွမ်:"ရှုရွယ် အတော်ပဲ ငါမင်းကိုပြောစရာရှိတယ်"

ရှုရွယ် မငြင်းပါချေ။ ဆေးပုလင်းများအား ဂိုဒေါင်မှုးဆီအပ်ခဲ့ပြီးနောက် ရှိူးယွမ်နှင့်အတူ ဂိုဒါင်ထဲကထွက်လာခဲ့တော့သည်။ လမ်းတွင် ရှိုးယွမ်ကပြောလာသည်။

"မြို့ထဲမှာ ငါနဲ့သိတဲ့ပုံဆွဲဆရာတစ်ဦးရှိတယ် အသက်နည်းနည်းကြီးနေပေမယ့် မင်းသာစိတ်ရှည်လက်ရှည်နဲ့ပြောပြနိုင်ရင် အဆင်ပြေလောက်မှာပါ မင်းရှိုးအိမ်တော်နဲ့ငါ့နာမည်ကိုသုံးလိုက်ရင် သူကူညီပေးလိမ့်မယ်"

ရှုရွယ် ထိုစကားများကိုသဘောမပေါက်သည်မဟုတ်။ သို့သော် သူသေချာချင်တာကြောင့် ရှိုးယွမ်အားနားမလည်သလိုကြည့်လိုက်မိသည်။ ထိုအခါ ရှိုးယွမ်က ထပ်ပြောလာလေသည်။

"မင်း ဒီတိုင်းလိုက်ရှာနေတာထက်စာရင် သူ့ပုံတူဆွဲပြီး လိုက်ရှာတာက ပိုမကောင်းဘူးလား ပုံကိုပြပြီးလိုက်မေးလို့ရတယ်လေ "

ရှုရွယ်မှာ ရှိုးယွမ်အားကြည့်ရင်းအတော်ကြာထိတိတ်ဆိတ်နေခဲ့မိသည်။ နောက်တော့ သူရိုးရှင်းစွာပင်ကျေးဇူးတင်လိုက်၏။

"ကျေးဇူးတင်ပါတယ်"

ရှိုးယွမ်ကတော့ သူ့အကျင့်တိုင်း ​ကျေးဇူးတင်ခြင်းကိုငြင်းဆိုလာပြီး ရှုရွယ်အား သွားရမည့်လိပ်စာနှင့်ထိုလူ့အမည်အား ပြောပြခဲ့သည်။

နောက်တစ်နေ့ မနက်ခင်းမှာတော့ ရှုရွယ်တစ်ယောက် ရှိုးယွမ်ညွှန်သည့်လိပ်စာအတိုင်းသွားခဲ့ကာ ရှိုးယွမ်ပြောသလိုပါပင် ထိုလူက ရှိူးယွမ်နာမည်ကြားသည်နှင့် ရှုရွယ်နှင့်ပူးပေါင်းပေးခဲ့သည်။ နောက်တော့မှ ရှုရွယ်သိလိုက်ရသည်က ဒီလူအိုကြီးက ဒီအလုပ်မလုပ်တော့သည်မှာကြာပြီဖြစ်ပြီး ရှိုးယွမ်နှင့်ခင်မင်မှူကြောင့်သာ သူ့ကိုကူညီပေးလိုက်ခြင်းပင်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now