သားရဲများ၏ခန္ဓာကိုယ်သည် ကြံခိုင်ပြီးခံနိုင်ရည်များမြင့်မားကျသည်။ ထို့အပြင် ရှိူးအိမ်တော်၏ဆေးများလည်း လျှင်မြန်စွာထိရောက်နိုင်စွမ်းရှိရာ ဤဒဏ်ရာရနေသည့်သားရဲများအား နှစ်ရက်သုံးရက်လောက်ဆေးသေချာထည့်ပေးနိုင်လျှင် စိုးရိမ်စရာရှိတော့မည်မဟုတ်ချေ။
အနှီသားရဲနတ်ဆိုးတွေက သူတို့ကို ဒဏ်ရာတွေအနာကျက်တဲ့ထိအသက်ရှင်လျက်ထားပေးရအောင် သဘောကောင်းကျမှာလည်းမဟုတ်ဘူးလေ။ ဆိုတော့ ရှုရွယ်နဲ့ရှိူးယွမ်အတွက်က အလွန်ဆုံးမျှော်လင့်မှ သုံးရက်ပင်အချိန်ကျန်တော့ပေလိမ့်မည်။
ရှိုးယွမ်မှာ နေမွန်းတည့်ချိန်နားနီးမှပင် အနားယူရန်အချိန်ရတော့သည်။ နောက်ဆုံးမှာတော့ ရှိုးယွမ်ကလူသားတစ်ဦးပဲလေ။ သူကဘယ်လောက်ပဲကြံ့ခိုင်ပြီးခံနိုင်ရှိရှိ ဒီရက်ပိုင်းပင်ပန်းမှုတွေက သူ့ကိုနွမ်းနယ်စေသည်။ သူနဲ့ဝေးဝေးမှာသွားထိုင်နေတဲ့ ရှုရွယ်ကိုလှမ်းကြည့်လိုက်တော့ အနှီကောင်လေးကတော့ ဒေါသတွေကြောင့်နိုးကြားနေတယ်ထင်ပါရဲ့။
ဒီသားရဲနတ်ဆိုးတွေရဲ့နေရာကိုပြောရရင် သူတို့ကယာယီတဲတွေပြုလုပ်ထားတယ်ဆိုပေမယ့်လည်း တအားသပ်ရပ်နေအောင်မျိုးတော့မဟုတ်လှပေ။ အနားယူဖို့မှမဟုတ်တာကြောင့်လည်းပါမည်။ ကြည့်ရတာတော့ ဒီသားရဲတွေက ရှန်းကျန်းကိုဝင်မတိုက်ခင်ထဲက ဒီနေရာကိုရွေးချယ်ထားတာဖြစ်လိမ့်မည်။
ရှိုးယွမ်စိတ်ထဲတွင် ဒီနေရာကို ဟောချီလင်းဂိုဏ်းသားတွေ လွယ်လွယ်နှင့်တော့ရှာတွေ့မှာမဟုတ်လောက်ဘူးဟု တွေးနေမိသည်။
တစ်ဖက်ကရှုရွယ်မှာလည်း သူနှင့်ထူးမခြားနားနေခဲ့ပေ။ ရှုရွယ်ကဒေါသထွက်နေသေးသော်လည်း ထွက်ပြေးနိုင်မည့်နည်းလမ်းကို အသည်းသန်စဥ်းစားနေခဲ့သည်။သူမစဥ်းစားလို့မရဘူး။ ရှိုးယွမ်ကအလွန်ဆုံးမှအသတ်ခံရတာလောက်ပေါ့။ ရှုရွယ်ကတော့မတူဘူးလေ။
ရှုရွယ်အဲဒီအကြောင်းစဥ်းစားမိရုံနဲ့တင် ကြက်သီးထမိသွား၏။ မျက်လုံးထဲမှာ ဟိုအနီရောင်မြေခွေးအိုကြီး သူ့ကိုခြေတော်တင်နေသည့် မြင်ကွင်းတွေပါမြင်ယောင်လာသည်ထိပင်။ သူကအခု အားနည်းတဲ့လူသားသာသာလေးပဲ ဘာမှပြန်လုပ်နိုင်မှာမဟုတ်ဘူး။ ဘယ်လိုများလုပ်ရပါ့မလဲ။
![](https://img.wattpad.com/cover/301755412-288-k458536.jpg)
YOU ARE READING
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး