ရူရွယ် ဆေးဥယျာဥ်ကိုသွားနေတာ သုံးရက်မြောက်နေ့မှာတော့ ရိူးယွမ်ကိုတွေ့လိုက်ရတော့သည်။ သူသည် ရိူးအိမ်တော်ကိုရောက်ထဲက ရိူးညီအကိုနှင့်မတွေ့ရတော့တာဖြစ်ပြီး တစ်လကျော်တောင်ကြာသွားခဲ့ပြီဖြစ်သည်။
ရိူးယွမ်ကတော့ နည်းနည်းမှမပြောင်းလဲပါပေ။ သူက ဆေးတချို့လာယူပုံရပြီး ဆေးဥယျာဥ်ကိုလည်းမကြာခဏလာတတ်ပုံရသည်။ ထိုလူက ရူရွယ်ကိုမြင်တော့ ပထမတော့အံသြသွားပုံနှင့် နောက်တော့ပုံမှန်ပြန်ဖြစ်သွားကာ နုတ်ဆက်လာသည်။"ရူရွယ်လား
မင်းဒဏ်ရာတွေဘယ်လိုနေသေးလဲ"ရှင်းစီနှင့်မန့်သျဲသည် ဆေးပင်အမျိုးစားခွဲသည့်အလုပ်မျိုးကို နေ့စဥ်တိုင်းလုပ်ရသည့်လူများမဟုတ်ပေ။ ရူရွယ်ကလည်း ဒီခန္ဓာကိုယ်၏အကူနှင့် ထိုအလုပ်ကိုကောင်းကောင်းလုပ်နိုင်တော့ သူပဲဒီတာဝန်ကိုယူလိုက်တော့တာဖြစ်သည်။
ရူရွယ်က ပြန်မဖြေသည့်အပြင်အကြည့်လေးတစ်ချက်တောင်မပေးပါချေ။ အစကနဦး သူ့တို့သဘောတူညီက ရးရွယ်သာရှာပါးဆေးပင်တွေကိုတကယ်လမ်းပြပေးနိုင်ရင် ရိူးယွမ်တို့ကသူ့ကိုခေါ်ဆောင်သွားပြီး ဆေးကုသပေးဖို့ဖြစ်ပေမယ့်လည်း ဒီလိုသူများနှင့်လက်လွဲလိုက်လိမ့်မည်ဟုမမျှော်ထားခဲ့တာကြောင့် သူရိူးယွမ်အပေါ်အနည်းငယ်တော့မကျေမနပ်ဖြစ်မိသည်။
သူထင်တာ ရိူးယွမ်ကနတ်ဆေးသမားတော်တစ်ယောက်ဖြစ်ပြီး သူ(ရိူးယွမ်)ကပဲ သူ့(ရူရွယ်)ကိုဆေးကုပေးမယ်လို့ပေါ့။ လောင်ချန်ကတကယ်ကောင်းတဲ့လူအိုကြီးဖြစ်ပြီး ကုသရေးဆောင်က သူ့ကိုဂရုစိုက်ပေမယ့်လည်း ရူရွယ်အနေနှင့်တော့ ဒီရိူးယွမ်မျက်နှာလွဲခဲပြစ်လုပ်သည်ဟုသာခံစားခဲ့ရသည်။ ထို့ကြောင့် ရူရွယ် ထိုရိူးမျိုးရိုးနှင့်လတ်တလေစကားမပြောချင်သေးပေ။
ရိူးယွမ်ကတော့ ရူရွယ်စီကအဖြေကိုအတော်ကြာစောင့်နေပြီးမှ ပြန်မဖြေတာဖြစ်ကြောင်းးသဘောပေါက်သွားသည့်အခါ အနည်းငယ်စိတ်ရူပ်ထွေးသွားလေသည်။
ဒီကောင်လေးက ဖူရွေ့တောမှာတုန်းကတောင် မေးရင်ပြန်ဖြေတာမျိုးလုပ်လေ့ရှိတယ်မဟုတ်ဘူးလား။
YOU ARE READING
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး