part 18

616 110 1
                                    

ရှိုးအိမ်တော်သခင်မ၏မွေးနေ့ပွဲသည် ရှုရွယ်ထင်ထားတာထက်ပို၍ရိုးရှင်းသည်။ထည်ဝါမှုတွေမရှိသော်လည်း လူအများကြီးပျော်ရွှင်စွာဆုတောင်းပေးနေကျသည်။
ဒီနေ့မှပင် ရှုရွယ် ရှိုးချောင်အားပြန်တွေ့ရတော့သည်။သေချာပေါက်ကို အိမ်တော်တစ်ခုလုံးမှာ ရှိုးချောင်၏အသံများနှင့်ဖုံးလွှမ်း၍နေသည်။ နောက် ရှိုးမိသားစုများကိုစုံစုံလင်လင်သိလိုက်ရသည်။ ရှိုးအိမ်တော်သခင်ကြီးသည် ရှိုးယွမ်နှင့်ရုပ်ပို၍ဆင်သည်။ ရှိုးအိမ်တော်သခင်မကတော့ တကယ့်ကိုချောမောလှတဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး ရှိုးချောင်သည် ရုပ်ရည်ကိုသူမဆီကအမွေရထားပုံရသည်။
ကျန်သည့်ရှိုးမျိုးရိုးနှင့်လူများ ရှိနေသေးသော်လည်း ရှုရွယ်ပဲစိတ်ထင်နေ၍လားမသိ သူတို့အပြုံးများကို အတုယောင်များဟူ၍သာခံစားနေရသည်။ တစ်လျောက်လုံး ရှုရွယ်က မကောင်းသည့်လူများနှင့်ဆုံခဲ့လို့လည်းဖြစ်နိုင်သည် ထိုလူများမှာလူကောင်းများမဖြစ်နိုင်ဟု စိတ်ထဲထင်နေမိသည်။ သို့သော်လည်း အနှီအတုယောင်အပြုံးတချို့မှလွဲ၍ ကျန်သူများမှာ ထိုနေ့တစ်နေ့လုံး၌ ပျော်ရွှင်စွာရယ်မောနေခဲ့ကျသည်။

ညဘက်ရောက်တော့ ရှုရွယ်မှာသိသိသာသာပင်စိတ်လူပ်ရှားနေ၍အိပ်မပျော်တော့ပေ။
သူသည် ဤရှိုးအိမ်တော်သို့ရောက်တာ တစ်လကျော်ပင်ရှိသွားပြီဖြစ်ပြီး ပြန်တွေးကြည့်ပါက သူ့ဘဝတစ်လျောက်လုံးတွင် ဤအိမ်တော်၌နေခဲ့ရသည့်ရက်များကသာ သက်တောင့်သက်သာအရှိဆုံးဖြစ်သည်။ သူသည် ဤအိမ်တော်၌ ဆာလောင်ခြင်းကိုမခံစားရသလို၊ အေးစက်ခြင်းအားလည်းမခံစားခဲ့ရပါချေ။
ထိုအတွေးလေးတွေနှင့်မှ ရှုရွယ်ဒီအိမ်တော်ကထွက်သွားရမည်ကို အနည်းငယ်ပင်စိတ်မကောင်းဖြစ်လာရတော့သည်။

နေ့လည်ခင်းထဲက ရှုရွယ် ရှင်းစီနှင့်မန့်သျဲကို သူရှိုးယွမ်နောက်လိုက်သွားမယ့်အကြောင်း တိုတိုရှင်းရှင်းပြောပြထားပြီးဖြစ်သည်။ အနှီနှစ်ဦးကတော့ ရှုရွယ်ကဒဏ်ရာတွေအရှင်းမပျောက်သေးတာကြောင့် တားသည့်တိုင် နောက်ဆုံးလက်လျော့လိုက်ရရှာသည်။ သူမတို့က ရှုရွယ်အားဂရုစိုက်ဖို့မှာရုံပဲတတ်နိုင်တော့သည်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now