part 29

515 94 3
                                    

ရှိုးအိမ်တော်ကသမားတော်များရောက်လာချိန်တွင် ရှန်းကျန်းရှိအနည်းငယ်သောသမားတော်များမှာအသက်ရှုချောင်သွားခဲ့သည်။ နောက်တစ်နေ့တွင် ဟောချီလင်းဂိုဏ်း၏အကြီးကဲဝမ်နှင့် စွင်းဟော့တို့က ရှိုးယွမ်နှင့်ရှုရွယ်တို့အားလာရှာပြန်၏။ ယခုတွင် ရှန်းကျန်းသို့ရောက်နေသည့် ဟောချီလင်းဂိုဏ်းက ဂိုဏ်းသားအင်အားမှာမနည်းလှရာ သူတို့ကသားရဲနတ်ဆိုးများအားလိုက်ရှာချင်နေကျသည်။ သို့သော် ရှန်းကျန်းမြို့ပြင်ကတောအုပ်သည်ကား သူတို့အားတမင်မျက်စိမှောက်အောင်လုပ်နေသလားအောင့်မေ့ရအောင် ခုထိ သားရဲနတ်ဆိုးတို့၏အရိပ်ယောင်အားရှာမတွေ့လေရာ ထိုနေရာသို့ရောက်ခဲ့ဖူးသည့် ရှိူးယွမ်တို့အားလာမေးရန်အပြင်ရွေးချယ်စရာမရှိတော့ပေ။
သို့သော်ရှိုးယွမ်မှာကား ထိုအကြောင်းသိသော်အဖြေရခက်သွားတော့သည်။ သူတို့ဖမ်းခေါ်သွားခံရတုန်းကလည်း ညဘက်မှာဖြစ်ပြီး ထွက်ပြေးလာတော့လည်း ညဘက်မှာဖြစ်၍ ထိုသားရဲတို့နေရာက ဘယ်နေရာမှန်းမမှတ်မိပါချေ။ ရှိုးယွမ်ဖြေရခက်နေစဥ်ပင် ရှူရွယ်ကဝင်ပြောလာတော့သည်။

"ကျွန်တော်လမ်းပြနိုင်မလားမပြောတတ်ဘူး
သိပ်တော့မသေချာဘူး အတိလည်းမမှတ်မိဘူး ဒါပေမယ့် အကြီးကဲတို့အလိုရှိရင်တော့ ကြိုးစားကြည့်မယ်လေ"

ရှိုးယွမ်မှာ ရှုရွယ်ကသေချာပေါက်လမ်းပြနိုင်လိမ့်မည်ဟုစိတ်ထဲကအလိုလိုသိနေသည်။သို့သော်လည်း တကယ်ပဲထိုသားရဲနတ်ဆိုးတွေဆီလမ်းပြနိုင်တယ်ထားပါဦးတော့ ဟောချီလင်းဂိုဏ်းကတွေ့ခဲ့လျှင် နှစ်ဦးနှစ်ဖက်ကပြေရာပြေကြောင်းဆွေးနွေးကျမှာမဟုတ်ပေ။ သို့ဆိုလျှင် သိုင်းပညာလာ်းမတတ်သည့် သာမာန်လူသားတစ်ဦးဖြစ်သည့်ရှုရွယ်တွင် အန္တာရယ်ဖြစ်လာနိုင်သည်။
ထို့ကြောင့် ရှိုးယွမ်သဘောမတူချင်ပဲ...

"ငါတို့ဖမ်းခံရတော့လည်းညဘက်မှာ ထွက်ပြေးလာတော့လည်းညဘက်မှာပဲလေ ဒါအပြင်ငါတို့လမ်းတောင်ပျောက်ခဲ့သေးတယ်မလား မင်းဘယ်လိုလုပ်မှတ်မိနိုင်မှာလဲ"

သို့သော် ရှုရွယ်မှာတော့ ရှိုးယွမ်စိတ်အားလုံးဝမရိပ်မိပဲ ခေါင်းခါရမ်းလာတော့သည်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now