ရှိုးအိမ်တော်ကလူများသည် ရှန်းကျန်းတွင် လဝက်ခန့်ထိနေခဲ့ကျသည်။ရှန်းကျန်းမြို့သည် အပျက်စီးများအားရှင်းလိုက်သည့်အခါ မြို့ကအခွံနီးနီးပင်ကျန်ခဲ့ရှာ၏။ အသက်ရှင်ကျန်သေးသောလူများအဖို့တော့ ရှန်ကျန်းအားပြန်လည်ပြင်ဆင်ရန် အချိန်အများကြီးယူရလိမ့်မည်။
ဟောချီလင်းဂိုဏ်းသည်ကား တောင်ပိုင်းနယ်နမိတ်တစ်ခွင်လုံး ချောင်ကြားပါမကျန် သားရဲနတ်ဆိုးများရှာပုံတော်ဖွင့်ခဲ့ပါသော်ငြားလည်း သားရဲနတ်ဆိုးတို့၏အငွေ့ကိုပင်မဖမ်းမိခဲ့ပါချေ။
ဤကာလကြားထဲတွင် ရှန်းကျန်းသို့ ဟောချီလင်းဂိုဏ်းကအကြီးကဲများ အဝင်အထွက်နှင့်ခြေချင်းလိမ်နေခဲ့သလို ခေါင်းရှုပ်စရာတစ်ပုံကြီးပေးခဲ့သည့် သားရဲနတ်ဆိုးတွေ၏အကြောင်းလည်း ခန့်မှန်းချက်သိန်းသောင်းချီထုတ်နေကျရှာသည်။ ဟောချီလင်းဂိုဏ်းအနေနှင့် နောက်ထပ််ဘယ်မြို့မှ ဒုတိယရှန်းကျန်းဖြစ်လာရန်မလိုလားကျပါချေ။
ရှန်ကျင်းလုံသည်လည်းပဲ နောက်ထပ်ရှုရွယ်အား နောက်ယှက်ခြင်းမပြုတော့ပေ။ ထိုသူက ရံဖန်ရံခါတွေ့လျှင်တော့ နားလည်ရခက်သည့်အပြုံးမျိုးဖြင့်ပြုံးပြလေ့ရှိသည်။
ရှိုးအိမ်တော်ကလူများသည် ရှန်းကျန်းတွင်လာဝက်ခန့်နေခဲ့ပြီး အလယ်ပိုင်းဒေသသို့ပြန်လာခဲ့ကျသည်။ သူတို့ရှိုးအိမ်တော်ကိုပြန်ရောက်ချိန်တွင်တော့ ရှိုးသခင်ကြီးကအပြင်ထွက်ကြို၍နေသည်။ ဤကာလကြားထဲတွင် ရှိူးအိမ်တော်သို့အကြိမ်များစွာ အဆက်သွယ်လုပ်ခဲ့သဖြင့် ယခုအခါရှိူးသခင်ကြီးမျက်နှာပေါ်တွင်စိုးရိမ်စိတ်များမရှိတော့ပါချေ။ သူက မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့ဇနီးနှင့်သားများကိုသာ မျှော်နေတာဖြစ်သည်။
သို့သော်လည်း ရှိုးယွမ်၏မခုတ်တတ်သည့်ကြောင်လိုမျက်နှာထားမြင်လိုက်ရသည့်အခါ ရှိုးလျှန်းရန်၏မျက်နှာက ပြောင်းသွားတော့သည်။ အားလုံးလည်းသိပါ၏။ ဒီတစ်ခေါက်တော့ ရှိုးယွမ်တစ်ယောက် ရှိုးလျှန်းရန် ဒေါသကိုဒီတိုင်းကျော်သွားလို့မရတော့မှန်း။
![](https://img.wattpad.com/cover/301755412-288-k458536.jpg)
YOU ARE READING
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး