အပင်မိစ္ဆာမျိုးနွယ်က သူတို့ရဲ့စွမ်းအင်တွေကို သူတို့ကြည်ဖြူရင် သူများကိုလွဲပြောင်းပေးနိုင်ပါသတဲ့လေ။ ကျိန်းသေပေါက် ကြည်ကြည်ဖြူဖြူပေးမှဆိုပေမယ့်လည်း ဒါက မုရုန်ချိုးကို ညဖက်တွေအိပ်လို့မပျော်စေအောင်ပဲ အတွေးများစေခဲ့သည်။ သူမက ရူရွယ်ရဲ့စွမ်းအင်တွေကိုသိလာတဲ့အချိန်တုန်းကလည်း ရူရွယ်ကိုကျိတ်ပြီး မနာလိုအားကျနေခဲ့တာဖြစ်ပြီး အနာဂတ်မှာ ရူရွယ်ကိုသူမအနားထားပြီး အသုံးချမယ်လို့တောင် တစ်ခါတရံအတွေးဝင်နေခဲ့တာဖြစ်သည်။
ဒါပေမယ့်အခုတော့ ရူရွယ်ရဲ့စွမ်းအင်တွေအကုန်လုံးက လွဲပြောင်းလို့ရတယ်တဲ့။ ဒါက သူမကို တကယ်ကြီး မျှော်လင့်စေတယ်။
သူမကအဲဒီအကြောင်းသိပြီး တစ်ပတ်လောက်ထိ ရူရွယ်နဲ့တွေ့ဆုံနေကျနေရာကိုမသွားဖြစ်ခဲ့ပေ။ အခုချိန်မှာဆိုရင် သူမကအသက်20ရှိပြီဖြစ်ပြီး ရူရွယ်က15နှစ်ရှိခဲ့ပြီဖြစ်သည်။ ရူရွယ်ကတော့ သူမရဲ့ဂိုဏ်းကိုတောင်လိုက်သွားလုနီးနီးပါပင်။ သို့ပေမယ့် မုရုန်ချိုးက ပြန်ပေါ်လာခဲ့ပြီး ရူရွယ် ပျော်ရွှင်သွားပေမယ့်လည်း သူမကဒဏ်ရာဒဏ်ချက်တွေနဲ့ဖြစ်တာကြောင့် ကြာကြာမပျော်လိုက်ရချေ။ ရူရွယ်မေးမြန်းတော့ သူမရဲ့ ဂိုဏ်းတူအကိုတွေ၊အမတွေကအနိုင်ကျင့်တာလို့သိခဲ့ရသည်။
တကယ်တော့ မုရုန်ချိုးရဲ့ဒဏ်ရာတွေက သူမဘာသာသူမ လုပ်ထားတာဖြစ်ပြီး သူတို့ဂိုဏ်းကသာမာန်သိုင်းဂိုဏ်းငယ်လေးဖြစ်ကာ သူမရဲ့အရိပ်ခြေကြည့်ပြောတတ်ဆိုတတ်မူကြောင့် သူမရဲ့ဆရာကတောင် သူမကိုဦးစားပေးတာဖြစ်လို့ သူမကိုဘယ်သူမှအနိုင်မကျင့်ရဲပေ။ ဒါ့အပြင် သူမရဲ့အသွင်ပြင်ကြောင့် အချစ်တောင်ခံရပါသေးသည်။
ဒါပေမယ့် သူမဒီလိုကိုယ့်ကိုကိုယ် ဒဏ်ရာရအောင်လုပ်ရတာအကြောင်းရှိ၏။ အနာမခံပဲ ဘယ်သူမှအသာစံရမှာမဟုတ်ပေ။ သူမကရူရွယ် သူမကိုသနားပြီး ရူရွယ်ရဲ့စွမ်းအင်အမြုတေကို ပေးလာဖို့ကြိုးစားနေတာပင်။ ဒါကရူးသွပ်တယ်ထင်ရပေမယ့်လည်း ရူရွယ်ကသူမကို ကြိုက်နှစ်သက်နေတာကိုမမြင်နိုင်လောက်အောင်သူမက မျက်ကန်းတစ်ယောက်လည်းမဟုတ်ပါချေ။
YOU ARE READING
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး