တကယ်တမ်းတော့ ရှုရွယ်က မုရုန်ချိုးရဲ့ ဂိုဏ်းတည်နေရာကိုသိထားခဲ့သည်။ သူတစ်ခါမှမရောက်ဖူးခဲ့တာကလွဲလို့ ဘယ်နားတွင်တည်ရှိသည်ကို ဤခန္ဓာကိုယ်၏မှတ်ညာဏ်ထဲတွက်ရှင်းရှင်းလင်းလင်းရှိနေသေး၏။သို့သော် ထိုသိုင်းဂိုဏ်းအငယ်လေးကတော့ မရှိတော့ပါချေ။ ရှုရွယ်ထိုနေရာသို့ ရောက်သွားခဲ့သော်လည်း လူတစ်ယောက်မှမရှိတော့ပဲ စွန့်ပြစ်ခံရကာ ပျက်စီးနေသည့်နေရာကိုသာတွေ့ခဲ့ရသည်။ ထို့ကြောင့် ရှုရွယ်ပြန်လာရုံသာတတ်နိုင်တော့၏။ သူကနေရာရှာမတွေ့တာမှမဟုတ်ပဲလေ။ လူတွေပဲမရှိကျတော့တာ။
ရှုရွယ် ဖြစ်နိုင်ချေများကို မျိုးစုံတွေးလျက် စမ်းချောင်းငယ်လေးဘေးက တည်သီးပင်ကြီးရှိရာနေရာကိုရောက်သော် ရှိုးယွမ်အားတွေ့ရမည်ထင်ထားသော်လည်း မဟုတ်ခဲ့ပေ။
တိတ်ဆိတ်ပြီး ထိုနေရာတွင်ဘယ်သူမှရှိမနေချေ။ ရှုရွယ် မကောင်းမကန်းအငွေ့သက်များခံစားလိုက်ရပြီး ဝါးအိမ်ငယ်လေးရဲ့တံခါးကိုဖွင့်ကြည့်လိုက်သော် အထဲတွင် ရှိုးယွမ်၏ဆေးသေတ္တာအပါဝင် အခြားအသုံးဆောင်များပါ ရှိနေကြောင်းတွေ့လိုက်ရသည်။ သို့သော် ရှိူးယွမ်ကတော့ရှိမနေချေ။ကြည့်ရတာ ရှိုးယွမ်က ဒီနေရာသို့စိုက်စိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။ ပြီးမှ ထွက်သွားခြင်းပင်။ သူက သူ့ပစ္စည်းတွေကိုတောင် ဝါးငယ်လေးထဲမှာ သိမ်းသွားသေးသည်လေ။
ရှုရွယ် အခုမှပဲ ရှိူးယွမ်၏ ခြေထောက်ငြိမ်ငြိမ်မနေတတ်သော အကျင့်ကိုသတိရသွားတော့၏။
ဒီလူကတော့ အရင်တစ်ခါ သူညွန်းသည့်လမ်းအတိုင်း ဆေးပင်တွေရှိရာကို သွားတာပဲဖြစ်လိမ့်မည်ဟု ရှုရွယ်တစ်ထစ်ချတွေးလိုက်တော့သည်။ ထို့နောက် လိုက်သွားရကာ အပင်မိစ္ဆာတွေ၏ နေရပ်နားနီးကပ်လာသည်ထိ ရှိုးယွမ်ကိုရှုမတွေ့တော့ ရှုရွယ် ချွေးများပင်ပျံချင်လာတော့၏။
ဖူရွေ့တောက ဒီလောက်တောင်ကြီးတာ။
အကယ်၍ ရှိုးယွမ်သာ ဒီကိုဆေးပင်လာခူးတာမဟုတ်ပဲ တောထဲလျောက်သွားရင်းက လမ်းပျောက်ပြီး ရောက်ချင်ရာရောက်နေသည်ဆိုပါက ရှုရွယ် ဘယ်သို့လိုက်ရှာရမှန်းသိတော့မည်မဟုတ်ပေ။ အကယ်၍ သူ့တွင်စွမ်းအင်အမြုတေရှိနေပါက အလွယ်တကူလိုက်ရှာနိုင်လောက်သည်။ ယခု ဤစွမ်းအင်မဲ့ခန္ဓာကိုယ်သည်ကား အိမ်ပြန်လမ်းနှင့်သွားလိုရာလမ်းကို ဝေဝေ ဝါးဝါးသိနိုင်သော်လည်း ဘယ်ရောက်နေမှန်းမသိတဲ့ လူကိုတော့ ရှာနိုင်လိမ့်မည်မထင်ပေ။
ESTÁS LEYENDO
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး